Uni -version
Translator - @Lavendar ___ kitty
~~~~~
T/n -
ဒီ novel လေး မှာ kitty မသိတဲ့ စကားလုံးတွေ
အများကြီးပါတာကြောင့် ကိုယ် အဆင်ပြေသလိုပဲ
အသည်းတို့အတွက် tran ထားပေးပါတယ်နော်
ဒါ့ကြောင့် မူရင်း နဲ့ ကွဲလွဲမှုအနည်းငယ်ရှိရင် E -translator ရဲ့ အမှားမဟုတ်ပဲ kitty ရဲ့ အမှားပါ
နော် ။_________________________________
အခန်း - ၁
( ငါလေးက ဝတ္ထုထဲက အမဲသားလို အပေါင်းခံရမဲ့
အမြှောက်စာ ဇာတ်ကောင်လေးတဲ့လား - ၁ )ထျန်းယိ မျှော်စင်မှာ မကောင်းဆိုးဝါးတွေနှင့် ပြည့်နှက်နေပြီး မျှော်စင်မှာရှိတဲ့ လူတွေ အားလုံးဟာ အစုလိုက်အပြုံလိုက် အသတ်ခံရတာကြောင့်သွေးချောင်းစီးနေတော့သည် ။
ဒီည ဟာ အေးချမ်းသည့် ညတစ်ညတော့မဟုတ်ပေ
ထို့အပြင် မိုးသည်းထန်စွာရွာသွန်းပြီး လျှပ်တပြက်
မိုးခြိမ်းသံက ကောင်းကင်ကို ဖြိုခွဲသွားသည် ။ မိုးသည်းတဲ့ ည မှာ လေအေးတွေက တဖျပ်ဖျပ် တိုက်ခတ်နေသည်က ပြင်းထန်သည့် လူသတ်ချင်စိတ်ကိုဖြစ်ပေါ်စေသည် ။" မြန်မြန် အခုချက်ချင်း ပိုက်ကွန် ကို ဖျတ်သွား
တဲ့ နတ်ဆိုးပေါက်စ ကို ရှာကြ ၊ တွေ့ တာနဲ့
ချက်ချင်းသတ်ပစ်လိုက် "" သူ ဝေးဝေး ပြေးနိုင်မှာမဟုတ်ဘူး ၊ ဟိုဘက်မှာ
သွားရှာကြ ! ".......
တင်းယိ မှာ မိုးရေထဲမှာ စိုရွှဲနေပြီး ရွှဲနေတဲ့
အဝတ်အစားတွေရဲ့ အနံ့သက်ကြောင့် ထိတ်လန့်စွာ
ကြည့်မိလေသည် ။အခုချိန်ထိ သူမ မှင်သေ နေတုန်းဖြစ်သည် ။ စက္ကန့်
အချိန်လေး တစ်ခုမှာ သူမ က truck ကား ရဲ့
အောက်ကို လိမ့်ဆင်းသွားခဲ့ပြီး အသက်ရှူရပ်လုနီးပါး
ဖြစ်သွားခဲ့တာပင် ။ အခု သူမ က ဘာကြောင့်
ရေတွင်းနံဘေးမှာထိုင်နေပြီး ကျောက်တုံးကြီးကို
ကိုင်ထားရတာလဲ .... မဟုတ်သေးဘူး ၊ ဟို ကလေး ,
လေး ရော လွတ်မြောက်သွားရဲ့လား ? ။တင်းယိ အံ့သြသွားသည် ။ မကြာခင်အချိန်လေး
မှာပဲ စက်ရုပ် တစ်ရုပ် လို အသံတစ်ခုက သူမ ခေါင်းထဲကနေ ထွက်ပေါ် လာခဲ့သည် ။
ŞİMDİ OKUDUĞUN
အားနည်းပြီး ဖျားနာလွယ်သည့်ဗီလိန်ကို ပျိုးထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||
RomantizmTitle name : အားနည်းပြီး ဖျားနာသည့် ဗီလိန်ကို ပျိုးထောင်ရန်နည်းလမ်းများ { unicode x zawgyi } Web name : The Correct Way Of Feeding The Sick And Delicate Villain Author(s) : 类似瓜子 English Translator : Sleepytranslation ...