အခန်း - ၆ ၂||ငါ ဘာ​တွေ​တွေး​နေလဲမင်းသိလို့လား - ၁||

693 81 2
                                    

အခန်း - ၆ ၂

|| ငါ ဘာ​တွေ​တွေး​နေလဲ မင်းသိလို့လား - ၁ ||

သူ့ မျက်လုံး​တွေကို ဖွင့်လိုက်သည်နှင့်
ပြတင်း​ပေါက်အပြင်ဘက်မှ ဝင်​ရောက်
လာသည့် ​နေ​ရောင်ခြည်​တွေက သူ့ မျက်လုံး
​တွေအား ကျိန်းစပ်​စေသည် ။


" နင့် ​ခေါင်း နာ​နေ​သေးလား ? မတ်တပ်
ရပ်နိုင်ရဲ့လား ? " တင်းယိ က မုယွဲ့ ရှီး
ကို ဆွဲထူချင်ခဲ့သည် ။


" အဆင်​ပြေပါတယ် .... " မုယွဲ့ ရှီး
က ခက်ခက်ခဲခဲ ​ပြောလာသည် ။ ထို​နောက်
မှာ​တော့ သူ့ ၏ ပထမဆုံး တုံ့ပြန်မှုက ရုတ်
တရက် ထထိုင်လိုက်ပြီး တအံ့တသြဖြင့် ​ပြော
လာတယ် : " မင်း ဘယ်လိုလုပ်ပြီး ဝင်လာ
တာလဲ ? "


ဒီ​နေရာက စာ​မေးပွဲစစ်​ဆေးစမ်းသပ်တဲ့
​နေရာ​လေ ။ ဘယ်လိုလုပ်ပြီး သူမ က
ဒီကို ​ရောက်​နေတာလဲ ?


" ဘာလို့လဲဆို​တော့ ငါ နင့်ကို စိတ်ပူလို့
​ပေါ့ ! " တင်းယိ က အားအနည်းငယ်
စိုက်ပြီး သူ့ ကို ဆွဲထူ​ပေးရင်း ​ပြောလာတယ် ,
" ....ငါ လု ဂိုဏ်းချုပ် မသိ​အောင် တိတ်တိတ်
​လေးလိုက်လာခဲ့တာ ။ ငါ ရှာကြည့်ပြီးသွား
ပြီ ဒီအ​ဆောက်ဦးထဲမှာ အပြင်ထွက်လို့ရတဲ့
တံခါးက တစ်ခုတည်းပဲရှိတယ် ။ သွားကြရ​အောင် ,
ငါတို့ ဒီက​နေ မြန်မြန်ထွက်ရ​အောင် "


မုယွဲ့ ရှီး ၏ ​ခေါင်းမှာ အလွန်​လေးလံ​နေ
​လေသည် ။ သူ မတ်တပ်ရပ်လိုက်ပြီး ပတ်ဝန်း
ကျင်အနှံ့ ကြည့်ရှုလိုက်​ပေမဲ့ ​​စော​​စောက​လေး
တင် သူ သတိ​​မေ့​မြော​နေခဲ့သည့်​နေရာမှာ
ဘာမှရှိမ​နေတာကို ​တွေ့ လိုက်ရတယ် ။


" ဖွင့်လို့မရဘူး " တင်းယိ မှာ တံခါး
ကို ပြင်းပြင်းထန်ထန် တွန်းဖွင့်​သော်ငြား
လည်း တံခါးက တုံ့တုံ့မျှမလှုပ်​ချေ ။ သူမ
က မုယွဲ့ ရှီး အား စိုးရိမ်တကြီးဖြင့် ပြန်လှည့်
ကြည့်ကာ ​မေးလာတယ် , " ငါတို့​တွေ
ဘယ်လိုလုပ်ကြမလဲ ? "


မုယွဲ့ ရှီးမှာ အနည်းငယ်​လောက် မျက်​မှောင်
ကြုတ်လိုက်ပြီး တံခါးအား တွန်းဖွင့်လိုက်​
ပေမဲ့ ပွင့်မလာခဲ့ဘူး ။ သူ က သူ့ ဓါး
ကို ​မြှောက်လိုက်ပြီး တံခါး ကို ခုတ်ပိုင်းလိုက်
ချိန်မှာ​တော့ ထင်​ယောင်ထင်မှားပုံရိပ်တစ်ခု
ဖြစ်​ကြောင်း ရှင်းရှင်းလင်းလင်း​ မြင်​တွေ့
လိုက်ရသည် ။



အားနည်းပြီး ဖျားနာလွယ်သည့်ဗီလိန်ကို ပျိုး​ထောင်ရန်နည်းလမ်းများ||မြန်မာဘာသာပြန်||Where stories live. Discover now