Runaway my Aurora: (Unicode)

1.7K 54 3
                                    

နောက်ဆုံးမှာတော့ ဝတ္ထုအသစ်တစ်ပုဒ်နဲ့ ကျွန်မပြန်လာခဲ့ပါပြီ၊ Runaway my Aurora တဲ့...၊
အတိတ်တွေထဲမှာပိတ်မိနေတဲ့ မိန်းမငယ်လေးတစ်ယောက် ချစ်ခြင်းမေတ္တာဆီကနေ ဘယ်လောက်ဝေးဝေးပြေးနိုင်လိမ့်မလဲဆိုတာ စောင့်ကြည့်ရမှာပါဘဲ။
ဒဏ်ရာတွေရှိခဲ့တဲ့သူတွေက ပိုသန်မာကြတယ်တဲ့၊ ကျွန်မရဲ့ဝတ္ထုထဲကဇာတ်ကောင် အမျိုးသမီးလေးဟာလည်း အတိတ်ကအရိပ်မည်းတွေကြားမှာ လှောင်ပိတ်နေရင်း သန်မာချင်ဟန်ဆောင်နေတဲ့သူ တစ်ယောက်ပေါ့လေ၊

ကျွန်မကရေစက်ဆိုတာကိုယုံတယ်၊ အရာအားလုံးကကံပါသလောက်ဘဲ ဖြစ်တည်နိုင်တယ်ဆိုတာကိုလဲယုံတယ်၊ အမှတ်မထင်တွေ့ခဲ့တဲ့သူဟာ မမျှော်လင့်ထားဘဲ ဘဝရောက်လာနိုင်တာကိုလဲ ကျွန်မကိုယ်တိုင်ကြုံခဲ့ပြီးပြီ။
ဒီဝတ္ထုထဲကဇာတ်ကောင်အမျိုးသမီးလေးဟာလည်း အိုက်စ်လန်ပြည် northern lights ရှာပုံတော် ခရီးစဉ်လေးမှာ အမှတ်မထင်တွေ့ခဲ့တဲ့ လူတစ်ယောက်ဟာ သူမဘဝတစ်ခုလုံးကို ပြောင်းလဲပစ်လိုက်လိမ့်မယ်လို့ ဘယ်ထင်ခဲ့လိမ့်မလဲ။

တစ်ခါက ကျွန်မဖုန်းမှာ newsfeed ကြည့်နေတုန်း northern lights တွေကွန့်မြူးနေတဲ့ video file လေးတက်လာလို့ ဖွင့်ကြည့်လိုက်မိတယ်၊
အို...ဘယ်လောက်တောင်လှပလိုက်သလဲဆို ကြက်သီးမွေးညင်းတွေ ထလာတဲ့အထိပါဘဲ၊ ဒါကြောင့်ဘဲဒီအလင်းတန်းတွေအကြောင်းကို လေ့လာရင်း လေ့လာရင်းနဲ့ဘဲ ဝတ္ထုတစ်ပုဒ်ထွက်လာခဲ့တယ်ဘဲဆိုပါတော့လေ...။
ဟော...စရေးတော့မယ်ဆိုတော့ အဓိကပြဿနာကတော့ northern light ကို ကျွန်မကိုယ်တိုင် မမြင်ဖူးတာပါဘဲ၊
ဒီထက်ပိုကြီးတဲ့ပြဿနာက northern lights မြင်နိုင်တဲ့နိုင်ငံတွေကိုလည်း ကျွန်မ မရောက်ဖူးဘူးရယ်။
အဲ့တာနဲ့ဘဲ Iceland vlog တွေ northern lights hunting vlog တွေကိုကြည့်ရင်း inspire ယူရတယ်၊ အများကြီးလေ့လာရတယ်၊ စာဖတ်သူတွေကို ခံစားမှုရော အသိပညာရော ပေးချင်တဲ့အတွက် ကျွန်မအချိန်တွေအများကြီး ပေးခဲ့ရပါတယ်၊
ဒါပေမဲ့လည်း ကိုယ်တိုင်မရောက်ဖူးတဲ့နေရာတစ်ခုကို စိတ်မှန်းနဲ့သွားပြီး ရေးရတာမို့ လိုအပ်ချက်တွေရှိကောင်းရှိနေနိုင်ပါတယ်။

ကျွန်မပြောခဲ့သလိုပါဘဲ၊ ဒီဝတ္ထုကိုရေးနေတုန်း personal ကိစ္စတွေကြောင့် writing block ဖြစ်သွားတဲ့အထိ ဆိုးဆိုးရွားရွားဖြစ်ခဲ့တာမို့ မရေးဘဲရပ်ထားခဲ့ရပါသေးတယ်၊ ဒါပေမဲ့ပြန်ဖတ်ကြည့်တဲ့အခါမှာ ကျွန်မကိုယ်တိုင်တအံ့တဩဖြစ်သွားရပါတယ်၊ ဟယ် ဒါငါရေးတာဟုတ်ရဲ့လား ဆိုပြီး....။
ဒီလောက်ပေးချင်တဲ့ message တွေအများကြီးကို စာဖတ်သူတွေဆီ ချပြခွင့်မရလိုက်ရင် နှမြောစရာပါဘဲ။
ကျွန်မပတ်ဝန်းကျင်မှာကြုံခဲ့ရသမျှ ကြားခဲ့ရသမျှတွေကို ဖြည့်တင်းရေးသားထားတာဖြစ်တဲ့အတွက် ဒီလိုအဖြစ်အပျက်တွေအပြင်မှာ တကယ်ရှိတယ်ဆိုတာကို လက်ခံစေချင်ပါတယ်။

ကျွန်မရဲ့ Runaway my Aurora ခရီးစဉ်အသစ်လေးမှာ လိုက်ပါဖတ်ရှု့ပေးပါအုံးလို့တောင်းဆိုရင်း.....။

ယူ့ဧကရာဇ်

Runaway my Aurora:Where stories live. Discover now