Part 46-final(Unicode)

883 36 8
                                    

ခန်းမထဲတွင်ဧည့်သည်တော်များသည် ဒီကနေပွဲ၏အဓိကဇာတ်ဆောင်များကို စောင့်စားနေရင်း တီးတိုးစကားဆိုနေကြသည်။ အကုန်လုံးရဲ့မျက်နှာမှာတော့ အပြုံးပန်းတွေဝေလို့....။

ခင်မင်ရင်းနှီးသူအနည်းအကျင်းသာဖိတ်ထားသည့် ဤပွဲတွင်သတို့သားသတို့သမီးကတော့ နောက်ကျ၍နေသဖြင့် စိတ်ရှည်ရှည်နှင့်စောင့်ဆိုင်းနေရပေသည်။

သွယ်နန်းစံသည်ကျောက်စိမ်းရောင်တောက်တောက် ချိတ်ဝမ်းဆက်ကိုဝတ်ကာ အလှပဆုံးပြင်ဆင်ဖြီးလိမ်းထားသည်။ ခန်းမနံရံကနာရီကိုတစ်ချက်ကြည့်လိုက်တော့ နာရီဝက်တောင်နောက်ကျနေခဲ့ပါရော....။

သတို့သားနဲ့သတို့သမီးရန်ဖြစ်နေတာမဟုတ်ပါစေနဲ့...ဘုရား...ဘုရား....။

စင်မြင့်ထက်ပေါ်မှာ ပန်းရောင်စုံတို့ဖြင့်အလှဆင်ထားပြီး နာမည်နှစ်ခုဟာ ယှဉ်လျက်ချိတ်ဆွဲထားသည်။

Tuta & Su Wai

ဒါပါဘဲ....၊ ရိုးရိုးရှင်းရှင်းလေးပါဘဲ...။ ဒီထက်ပိုပြီးဆန်းပြားတာကတော့ သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းဘဲဖြစ်မှာပါ.....။

ရုတ်တရက်ကျွီခနဲပွင့်သွားသောတံခါးသံကြောင့် လူတို့ရဲ့အကြည့်တွေဟာ အဝင်ဝဆီစုပြုံရောက်ရှိသွားပြန်သည်။

နူးညံ့သိမ်မွေ့သောသံစဉ်လေး စတင်လာခဲ့ပြီး ချစ်စဖွယ်ဂါဝန်အဖြူကားကားလေးနှင့် ပြုံးရယ်ကာ ပွင့်ဖတ်လေးတွေကျဲချလိုက်သော ရွှေဘုံစံလေးကိုစစချင်းတန်းမြင်ရသည်။ ဘုံဘုံဟာပါးချိုင့်လေးနှစ်ခုပေါ်အောင် ပြုံးလျက်ပင် ရှေ့ဆုံးကနေပန်းကြဲကာ စတင်လျှောက်လှမ်းလာသည်။ အဲ့ဒီနောက်မှာတော့ သတို့သားသတို့သမီးအရံများနှင့် တစ်ယောက်လက်ကိုတစ်ယောက်တွဲကာ တင့်တယ်ခံ့ညားစွာလျှောက်လှမ်းလာသော သုတစစ်ပိုင်နှင့်ဆုဝေသွန်းတို့ကို လှမ်းမြင်ရသည်။

နှစ်ယောက်သားကလိုက်ဖက်နေလိုက်တာဆိုတာ မျက်နှာပေါ်ကအပြုံးတွေဟာ အသက်ဝင်လွန်းသဖြင့် ဘေးလူကိုပါကြည်နူးပီတိဖြစ်စေခဲ့ပါသည်။ ဒီလိုအခိုက်အတန့်မျိုးရောက်လာဖို့ သူတို့နှစ်ယောက်ဘယ်လောက်တောင် ရုန်းကန်ခဲ့ရလိုက်လေသလဲ....။

Runaway my Aurora:Where stories live. Discover now