Part 38(Unicode)

172 16 4
                                    

အေးမြသာယာလှတဲ့လရောင်အောက်မှာ ဆိပ်ဖလူးပန်းရနံ့တွေ မွှေးပျံ့နေသော်လည်း မည်သူမျှအာရုံမထားနိုင်လောက်အောင် ကခုန်ပျော်ပါးလျက်ရှိကြပေသည်။

ညဟာတဖြည်းဖြည်းနက်သထက်နက်လာသည်၊ မောတဲ့သူလည်းမောကြပြီ၊ ပြန်တဲ့သူလည်းပြန်ကြပြီ၊

စိုးမိုးနိုင်နဲ့မင်းမောင်သာ ပစ္စည်းပစ္စယတွေကူသိမ်းပေးဖို့ ကျန်ခဲ့ကြသည်။ ကလေးနှစ်ယောက်လည်း အိပ်မောကျလျက်ရှိပြီး ပတ်ဝန်ကျင်သည်လည်း ပြန်လည်တိတ်ဆိတ်သွားတော့သည်။

စားသောက်ထားခဲ့တဲ့ပန်းကန်တွေကို အိမ်နောက်ဖေးကိုသယ်လာရင်း ကိုစိုးမိုးကစကားစသည်။

"ဒီနေ့ကတော့တကယ်ပျော်စရာကြီးဘဲ၊ မစန္ဒာကိုလှမ်းခေါ်မယ်လို့တောင် ထင်လိုက်သေးတာ..."

နန်းစံချက်ချင်းဘာမှပြန်မဖြေနိုင်ဘဲ တိတ်ဆိတ်သွားရသည်။ ကိုစိုးမိုးကတော့ ဘာမှမသိသူပီပီ ရိုးရိုးသားသားပြောလိုက်သော်လည်း နန်းစံမျက်နှာကတော့ ကွက်ခနဲပျက်သွားတော့သည်။

မင်းမောင်ကရိပ်မိသဖြင့် ကိုစိုးမိုးကိုလက်တို့ကာ ဘာမှဆက်မပြောဖို့ သတိပေးလိုက်သော်လည်း နန်းစံကတော့ အက်ကွဲစွာတစ်ချက်ရယ်ရင်း ပြန်ဖြေသည်။

"မမဝေလား....၊ သူလာလို့မရဘူးလေ....၊

အရင်ယောက်ျားနဲ့နောက်မိန်းမက ဒီအိမ်မှာလာနေနေတာကိုး...."

အရွဲ့တိုက်သလိုပြောချလိုက်တဲ့စကားကြောင့် နှစ်ယောက်သား တအံ့တသြမျက်နှာပျက်ကာ တစ်ဖက်ကိုလှည့်သွားကြသည်။

"ဆောရီးဗျာ....ကျွန်‌တော်မသိလိုက်ဘူး...၊"

"ရပါတယ်၊ ဘာမှမဖြစ်ပါဘူး....၊

ကိုစိုးမိုး....ရှင်တစ်ခုခုပြောချင်နေမှန်းသိပါတယ်၊ ပွင့်ပွင့်လင်းလင်းမေးလို့ရပါတယ်...."

နန်းစံကစိုးမိုးရဲ့မျက်နှာကို တစ်ချက်အကဲခတ်ရင်း ဘာမှမဖြစ်သလိုရေရွတ်လိုက်သဖြင့် နှစ်ယောက်သားအရိပ်အကဲကြည့်ကာ အကြပ်ရိုက်သွားရသည်။

"အဲ.....ကျွန်တော်နားမလည်လို့ပါဗျာ....၊

မစန္ဒာလိုသိပ်တော်ပြီးထက်မြက်တဲ့လူမျိုးကို ဘာလို့ထားသွားသလဲဆိုတာ...၊"

Runaway my Aurora:Where stories live. Discover now