Part 4(Unicode)

241 19 4
                                    

"ဒီတိုင်းလတ်လတ်ဆတ်ဆတ်စားလဲ ရနေတဲ့ဟာကိုဘာလို့ အပုပ်ခံထားရတာလဲ...၊

အဟင့်......အီး....ဟီး.... ခေါင်းကိုက်လိုက်တာ......၊ မျက်လုံးထဲဘာမှမမြင်ရတော့ဘူး....အဟင့်..."

ဒီလိုပုံစံနဲ့ဆိုင်ထဲဆက်နေရင် သေချာပေါက်ကန်ထုတ်ခံရမှာမို့ ကျွန်တော်လည်း ကလေးတစ်ယောက်လို ငိုယိုလျက်ညည်းညူ၍နေသော နန်းစံရဲ့လက်တစ်ဖက်ကို ပခုံးပေါ်တင်ကာ ယိုင်ယိုင်တိုင်တိုင်ဖြစ်နေသော နန်းစံကိုထိန်းရင်းဆိုင်ထဲကပြန်ထွက်လာသည်။ သွယ်နန်းစံတစ်ယောက် အရက်မသောက်ရသည့် အကြောင်းအရင်းကိုတော့ ကျွန်တော်ကောင်းကောင်းသိသွားပါပြီ...၊

ကျွန်တော်ကိုယ်တိုင်လက်စားချေမယ်ဆိုပြီး ငါးမန်းပုပ်ဟင်းကိုကျွေးပြီး ကျွန်တော်ပြန်ပြီးဒုက္ခခံနေရတဲ့အဖြစ်ကိုတွေးရင်း ရယ်လည်းရယ်ချင် ငိုလည်းလိုချင်...၊

ကောင်းကင်မှာလက်ကျန်အလင်းရောင်တို့ ပျောက်ကွယ်သွားချိန်တွင် ကြယ်မှုန်များဖြင့်စီခြယ်ထားသော ကြည်လင်လှသည့်နက်ပြာရောင် ကောင်းကင်အသစ်ပြန်လည်ထွက်ပေါ်လာသည်။ သေချာပါသည် ဒီညလည်းဥတ္တရအလင်းတန်းတွေကို မြင်နိုင်ပါသေးသည်။

မြို့တော် Reykjavik (ရေးခယူဗစ်) မြို့ဟာညအလင်းရောင်များဖြင့် သက်ဝင်လှုပ်ရှားလျက်ရှိပေသည်။ နေရောင်ပျောက်သွားသည်နှင့် အပူချိန်ကျဆင်းလာပြီး စတင်ချမ်းအေးလာပြီဖြစ်သည်။

လမ်းဘေးပလက်ဖောင်းမှာ ဖြတ်သန်းသွားလာလျက်ရှိသည့်သူများက နားမလည်နိုင်သောဘာသာစကား တစ်မျိုးဖြစ်တတွတ်တွတ်ရေရွတ်လျက်ရှိသော နန်းစံကိုတစ်ချက်တစ်ချက်ကြည့်သွားကြသည်၊

ငိုရတာတဖြည်းဖြည်းမောလာပုံရသော နန်းစံကတော့ ကားရပ်ထားတဲ့နေရာဆီသွားတဲ့ လမ်းတစ်လျှောက်လုံး ခိုလိုညည်း၍နေပါသည်။

"ရှင်မကောင်းတာ....၊ အဲ့တာရှင့်အပြစ်တွေ.....၊ အား....ကျွတ်....ခေါင်းမူးတယ်....."

"ဟုတ်ပါတယ်ဗျာ...၊ ကျွန်တော်မှားမှန်းသိပါပြီ...။ အဲ့တာကြောင့် တိတ်တိတ်လေးနေပေးပါလားဗျာ...."

အမူးသမားတစ်ယောက်ရဲ့လေသံဟာ ကျယ်သွားလိုက် တိုးသွားလိုက်နှင့် စကားလုံးတွေဟာလည်း တစ်ချက်တစ်ချက် ဝူးဝူးဝါးဝါးဖြစ်၍သွားပြီး ဘာပြောမှန်းနားမလည်နိုင်အောင်ပင်...။

Runaway my Aurora:Where stories live. Discover now