Part 21(Unicode)

149 14 0
                                    

ဘဝကြီးဟာဘယ်လောက်ခါးခါး ဒါဟာကိုယ့်ဘဝဘဲမို့ ကျိတ်မှိတ်သည်းခံရင်း ရှင်သန်ခဲ့ရသည့်အချိန်များလည်းရှိခဲ့သည်။ နန်းစံသည်းခံရမည်၊ နန်းစံရဲ့မိခင်ရော သည်းခံကြရမည်။ ဒေါ်ဝင်းမာကတော့ ဒုတိယအိမ်ထောင်ကိုကွဲလိုက်ဖို့ လုံးဝကိုမတွေးထားတဲ့ပုံပါဘဲ...၊ နန်းစံကတော့ရင်တထိတ်ထိတ်နဲ့ အမေ့ကိုသာသနား၍နေပါတော့သည်။

နန်းစံဘယ်လိုလုပ်ရင် အမေ့ကိုပျော်အောင်ထားနိုင်မလဲတွေးမိသည့်အချိန် ခေါင်းထဲမှာအကြောင်းအရာတစ်ခုသာ ထင်းခနဲပေါ်လာပါသည်။

အို....သားသမီးတစ်ယောက် ပညာတတ်ကြီးဖြစ်ရင် မိခင်တွေဘယ်လောက်တောင် ဂုဏ်ယူရလိုက်သလဲဆိုတာ...၊ နန်းစံငယ်ငယ်ကတည်းက အမေဟာသူ့အပူနဲ့သူမို့ နန်းစံအတွက်အချို့တာဝန်တွေ လစ်ဟင်းခဲ့ရသော်လည်း နန်းစံအတွက်တော့အမေသာဖြစ်တာမို့ သားသမီးတစ်ယောက်အနေနဲ့ ကိုယ့်မိဘကိုယ်စိတ်ချမ်းသာအောင် ထားချင်မိပါသည်။

အဲ့ဒါနဲ့ဘဲနန်းစံစာကြိုးစားသည်၊ နာကျည်းလေလေ....ခံပြင်းလေလေ....၊ စာကိုဖိလုပ်သည်။ ဒီထက်အများကြီးပိုက်ဆံတွေရှာနိုင်တဲ့အခါ လောကငရဲကနေလွတ်မြောက်အောင် ကူကယ်ပေးချင်သည်။ တစ်ယောက်ယောက်ကိုမမှီခိုရတဲ့ဘဝမျိုးကို နန်းစံလိုချင်မိသည်။

ရက်စက်ကြမ်းကြုတ်သောဖခင်ပေါ်လည်း မမှီခိုချင်သလို ပျော့ညံ့သောမိခင်ပေါ်လည်း မှီခိုမှုကင်းမဲ့ချင်သည်။

အဲ့လိုနဲ့ကြိုးစားလာလိုက်တာ....နောက်ဆုံးမှာတော့ ကြိုးစားမှုရဲ့အသီးအပွင့်တွေကို ကိုယ်တိုင်ခံစားခွင့်ရခဲ့ပါသည်။

ဆယ်တန်းအောင်စာရင်းထွက်တဲ့နေ့....၊ အဲ့နေ့ကအမေအိပ်တောင်အိပ်ရဲ့လားမသိ၊ ညကတည်းကမရိုးမရွဖြစ်နေခဲ့တာ မနက်နေတောင်မထွက်သေးတဲ့အချိန် တစ်ယောက်ထဲကျောင်းကိုသွားပြီး ခြေလှမ်းအမှားမှားနဲ့ပြန်လာခဲ့သည့်အချိန်....။

"သမီးရေ....သမီးလေ...ငါးဘာသာနဲ့အောင်တယ်တဲ့....."

အဲ့ဒီစကားကိုတဖွဖွပြောရင်း နန်းစံကိုဖက်ပြီးငိုလိုက်တာဆိုတာ နန်းစံကိုယ်တိုင်တောင် မျက်ရည်ကျမိတဲ့အထိပါဘဲ...။

Runaway my Aurora:Where stories live. Discover now