Part 30(Unicode)

168 17 0
                                    

"တကယ်ကြီးစိတ်ဆိုးသွားတာလား..."

မင်းမောင်ဘယ်လောက်မေးမေး တစ်ဖက်ကတော့ ဘာစကားပြန်မှမလာတာမို့ ပိုပြီးအကြပ်ရိုက်ရပါတော့သည်။ မင်းမောင်တို့ဘာတွေပြောနေကြမှန်း အတူလိုက်ပါလာသောလူတွေ မသိကြသော်လည်း အခြေအနေကိုရိပ်စားမိကြပါသည်။

"စိတ်ဆိုးပြီးတော့ ဒီပေါ်ကနေခုန်တော့မချလိုက်နဲ့နော်...."

ကိုယ့်စကားနှင့်ကိုယ်နောင်ပြောင်ကျီစယ်ကာ ရယ်မောမိလိုက်သော်လည်း တစ်ဖက်ကဘုကြည့်ကြည့်ကာ မျက်နှာထားတင်နေတာမို့ ရယ်သံတွေထွက်မလာအောင် မနည်းအောင့်ထားလိုက်ရသည်။

ဒီလိုနဲ့ဘာစကားမှဆက်မပြောဘဲတိတ်ဆိတ်နေလျက်ပင် လေပူဖောင်းကြီးပေါ်ကနေ မြေပြင်ပေါ်ကိုရောက်လာကြတော့သည်။ အဲ့အချိန်ထိမနန်းစံကတော့ မျက်နှာထားတည်တည်နဲ့ မင်းမောင်ကိုလည်းတစ်ချက်မှ လှည့်မကြည့်ပါ။

service ကအလကားကျွေးသော မနက်စာနှင့်ရှန်ပိန်ကိုတောင်မသောက်တော့ဘဲ ထပြန်တော့မည်ပုံပေါ်ပါသည်။

"ဒါဆိုနောက်နေ့မှတွေ့ကြတာပေါ့၊ နောက်နှစ်ရက်နေရင် လုပ်အားပေးအနေနဲ့ ဘုန်းကြီးကျောင်းကိုလာခဲ့ပါမယ်၊ အဲ့အခါကျမှဘာလုပ်ရမလဲဆက်ပြောကြတာပေါ့...."

"နေပါအုံး....၊ ကျွန်တော်လိုက်ပို့မယ်လေ...."

"ရပါတယ်၊ လိုက်မလာနဲ့...."

လိုက်လာရင်သတ်ပစ်မယ်ဆိုတဲ့ အကြည့်ကြီးနဲ့ခပ်စူးစူးတစ်ချက်ကြည့်သွားတာမို့ မင်းမောင်လည်းတုတ်တုတ်မလှုပ်ရဲဘဲ ရပ်တန့်ကျန်ခဲ့ရသည်။

ကိုယ့်အမှားကိုယ်ပြန်လည်သုံးသပ်ရင်း.....။

*****************

"ဟေ့ကောင်.....မင်းဘယ်ကပြန်လာတာလဲ၊ မနက်အစောကြီး..."

ဟိုတယ်ထဲကိုပြန်လာလာချင်း lobby မှာ စိုးမိုးနိုင်နဲ့တွေ့တာမို့ ခပ်ပြုံးပြုံးကြီးနှုတ်ဆက်လိုက်သည်။

"ဟ......ဒိတ်လုပ်လာတာလေ..."

မင်းမောင်ကကိုယ့်အတွေးနှင့်ကိုယ် ကျေနပ်အားရဖွယ်ရယ်မောလိုက်တာမို့ စိုးမိုးကတော့မျက်မှောင်ကုပ်ကာကြည့်သည်။ မင်းမောင်ထက်အသက်တစ်နှစ်ပိုကြီးသော်လည်း သူငယ်ချင်းလိုဘဲပေါင်းသင်းဆက်ဆံလာခဲ့တာမို့ အမြဲတမ်းပေါ့ပေါ့ပါးပါးစကားပြောဖြစ်ကြသည်။

Runaway my Aurora:Where stories live. Discover now