Part 42(Unicode)

178 17 1
                                    

ဒီနေ့ဆိုနန်းစံဟာပုဂံကနေပြန်လာတော့မည်၊ ဆုဝေသွန်းအဖို့မွေးရပ်ဆီမပြန်ဖြစ်ခဲ့တာလည်းကြာပေါ့၊ ဘုံဘုံလေးမွေးကတည်းက ရန်ကုန်မှာဇာတ်မြှုပ်နေခဲ့တာ အခုဆိုငါးနှစ်တောင်ရှိခဲ့ပြီပ​ေါ့။ သို့သော်လည်းတစ်ချက်တစ်ချက် အတိတ်တွေကိုသတိရမိလေတိုင်း တစ်ခါတစ်လေပြုံးမိသလို တစ်ခါတစ်လေနာကျည်းမိသည်။ အရမ်းကိုပျော့ညံ့လွန်းခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ်လည်း အားမရသလို နန်းစံနဲ့သုတကိုလည်းအားနာရသည်။ သို့သော်လည်းလက်ရှိအချိန်မှာတော့ ဆုဝေသွန်းဟာ ပြန်လည်ပြင်ဆင်ခွင့်မရှိတဲ့ အရာအားလုံးကိုလက်ခံကာ ရှေ့ဆက်ဖို့ကိုသာတွေးရပေမည်။

တစ်ခါတစ်လေတော့လည်း ငယ်ငယ်ရွယ်ရွယ် လွတ်လွတ်လပ်လပ်သွားလာ ပျော်ပါးနေကြတဲ့ မိန်းကလေးငယ်တွေမြင်ရင် တိတ်တခိုးအားကျရသော်လည်း အားကျရုံကလွဲပြီး ဆုဝေဘာမှမတတ်နိုင်ခဲ့ဘဲ။

ဒီနေ့သုတတို့ကုမ္ပဏီကညစာစားပွဲရှိသဖြင့် တစ်မိသားစုလုံးကိုဖိတ်ထားသောကြောင့် မီးရောင်တွေနဲ့တလက်လက်ထနေသည့် ဟောခန်းထဲတွင်နေရာယူထားရသည်။

ဆုဝေကရိုးရိုးရှင်းရှင်းကိုယ်ကျပ်ဝတ်စုံ အနက်ရောင်လေးဝတ်ကာ ဆံထုံးထုံးထားပြီး မိတ်ကပ်ပါးပါးလိမ်းခြယ်ထားသည်။ ဘုံဘုံလေးဟာလည်း ဂါဝန်အဖြူလေးဝတ် ဖဲပြားဆံညှပ်ကလေးနှင့် သိပ်ကိုချစ်စရာကောင်းနေပါရော...။ ဆုဝေကစားပွဲဝိုင်းတစ်ခုမှာထိုင်ကာ ဘုံဘုံ့ကိုကိတ်မုန့်လေးတွေခွံ့ကျွေးနေရင်း ခပ်ဝေးဝေးတွင် လုပ်ဖော်ကိုင်ဖက်များနှင့် စကားပြောကာရယ်မောနေသော သုတကိုငေးကြည့်ဖြစ်သည်။ အနောက်တိုင်းဝတ်စုံကို စတိုင်ကျကျဝတ်ကာ ဆံပင်ကိုဂျယ်လိမ်းကာ ပြင်ဆင်ထားသဖြင့် လူကြီးလူကောင်းတစ်ယောက်လို စမတ်ကျနေသည်။

ကိုယ်ဟာသူ့ကမ္ဘာမှာ အနှောင့်အယှက်တစ်ခုဖြစ်နေသလား၊ အတားအဆီးတစ်ခုဖြစ်နေသလား တွေးမိရုံနဲ့တင်ရင်နာရသည်။ ဒါပေမဲ့သူကတော့ ပျော်နေတာဘဲနော်...၊

ရုတ်တရက်သုတကဆုဝေတို့ဘက် လှည့်ကြည့်သည်နှင့်တစ်ပြိုင်နက် အကြည့်ချင်းဆုံသွားသဖြင့် ဆုဝေတစ်ယောက် သူခိုးလူမိသလိုဖြစ်ကာ ထူပူပြီးချက်ချင်းမျက်လွှာချလိုက်မိသည်။ ဟော... တစ်ခြားသူတွေမြင်ရင် ညားခါစဇနီးမောင်နှံဆိုပြီး အထင်အမြင်လွဲပေတော့မည်။

Runaway my Aurora:Where stories live. Discover now