Part 44 (Unicode)

194 18 1
                                    

"အမေ......"

သုတရဲ့ခေါ်သံကြောင့်ကြိမ်ခုံလေးမှာထိုင်ရင်း ဝရံတာကနေ အပြင်ကိုငေးနေသည့်မိခင်ဟာ တစ်ချက်လှည့်ကြည့်သည်။ သုတဟာမိခင်ဘေးမှာဝင်ထိုင်ရင်း ဘယ်ကနေစကားစရမလဲ စဉ်းစားနေတုန်း မိခင်ဆီကစကားသံတချို့ပွင့်အံလာသည်။

"ဆုဝေသွန်းနဲ့ကွာရှင်းဖို့ပြင်ဆင်ပြီးပြီလား...."

သုတတစ်ကိုယ်လုံးတောင့်တင်းသွားကာ ဘာမှပြန်မဖြေမိဘဲ ကြမ်းပြင်ကိုသာခပ်စူးစူးစိုက်ကြည့်လျက်...။

"ကျွန်တော်သူ့ကိုလက်မလွှတ်နိုင်ဘူး...အမေ...."

"မိန်းမတွေမရှားပါဘူးငါ့သား....၊ မင်းလိုချင်ရင် မင်းအသက်အရွယ်၊ မင်းရုပ်ရည်၊ မင်းပညာအရည်အချင်းနဲ့ အပျိုစစ်စစ်မိန်းမတွေ ကြိုက်တာခေါင်းခေါက်ယူလို့ရတယ်...၊

ယောက်ျားတကာနဲ့ပျော်ပါးပြီးကလေးတစ်ယောက်ရကာမှ ငိုယိုနေတဲ့မိန်းမတစ်ယောက်အတွက် မင်းကိုယ်မင်းအနစ်နာခံစရာမလိုဘူး..."

မိခင်ရဲ့စကားတွေဟာ အရှိက်ထိလှတာမို့ မခံချင်စိတ်ကြောင့် သွေးရူးသွေးတန်းအော်ဟစ်ရင်း ပြန်လည်ချေပလိုက်ချင်ပေမယ့် အခြေအနေတွေပိုဆိုးမသွားအောင် စိတ်ကိုတတ်နိုင်သလောက်ထိန်းထားရသည်။

"ဆုဝေကအဲ့လိုမိန်းကလေးတစ်ယောက် မဟုတ်ပါဘူးအမေ...၊ အကယ်၍အပြစ်တင်စရာလူတစ်ယောက်လိုတယ်ဆို

ဘာမှမသိနားမလည်တဲ့ မိန်းကလေးတစ်ယောက်ကို ကျူးလွန်ခဲ့တဲ့အဲဒီယောက်ျားကိုဘဲ အပြစ်တင်ရမှာပါ၊

ဒါက rape case ဘဲ...၊ အဲ့တာကြောင့်ဆုဝေကို ထိပါးပုတ်ခတ်တာမျိုးတွေမလုပ်စေချင်ဘူး....။

သူကအရမ်းဖြူစင်ရိုးသားပြီး ကြင်နာတတ်တဲ့သူမို့သာ ဒီကလေးကိုသူမွေးခဲ့တာပေါ့...၊ ကလေးတစ်ယောက်ကိုဖျက်ချဖို့ဆိုတာ တော်ရုံသတ္တိမျိုးနဲ့မရဘူးလို့သားထင်တယ်...။

အဲ့လိုဘဲ အဲ့ကလေးကိုလောကထဲခေါ်သွင်းဖို့ဆိုတာကလည်း တော်ရုံသတ္တိမျိုးနဲ့မရဘူး...။

အဲဒီသတ္တိနှစ်မျိုးလုံး ဆုဝေဆီမှာမရှိဘူး၊ ဒါကြောင့်သူကကျွန်တော့်ကိုလိုအပ်တယ်....၊"

Runaway my Aurora:Where stories live. Discover now