Part 2(Unicode)

453 31 0
                                    

"တီ....တီ" ဆိုသောမြည်သံနောက်မှာ ထပ်ပြီးဖုန်းကျသွားပြန်သည်။

သို့သော်လည်းသွယ်နန်းစံသည် လွယ်လွယ်နှင့်လက်လျှော့တတ်သော သူမျိုးမဟုတ်...၊ တစ်ခါနှစ်ခါထပ်ခေါ်ပြီး ဖုန်းကတော့တစ်ဖက်ကမကိုင်သည့်အတွက် ပြန်ကျသွားသည်။ အိုက်စ်လန်ပြည်ကကျဉ်းကျဉ်းလေးပါ မီယာရယ်..၊ နင်ဘယ်ကို‌ပြေးနိုင်မလဲ ကြည့်ရသေးတာပေါ့...။

နေမထွက်‌သေးသဖြင့် ရေခဲမှတ်အောက်ရောက်သည်အထိ အေးစိမ့်နေသော အိုက်စ်လန်ခရီးစဉ်၏ ဒုတိယနေ့မနက်ခင်းကို ဒေါသငွေ့များဖြင့် စတင်လာခဲ့ရပါသည်။ နယ်သာလန်မှာကျောင်းတက်ရင်း ခင်လာခဲ့သည့်အိုက်စ်လန်သူ မီယာကအလည်ခေါ်သဖြင့် တစ်ကိုယ်တည်းခရီးနှင်လာခဲ့သော်လည်း ပထမတစ်ရက်သာ မြို့ထဲလိုက်ပြပြီးနောက်တစ်နေ့ကျ အကြောင်းပြချက်မရှိ နယ်သာလန်ပြန်သွားပြီဟု ဆိုလာသည်။ ထို့ကြောင့်မီယာရဲ့သူငယ်ချင်းက နန်းစံကိုကျန်တဲ့ရက်တွေမှာ အလည်အပတ်လိုက်ပြပါလိမ့်မယ်တဲ့...၊

အို.....အံ့သြစရာကောင်းလိုက်တာ....၊ နန်းစံတော့မယုံနိုင်ပါ။ သူဒီနိုင်ငံအတွင်းမှာဘဲရှိသေးသည်။ အခုချက်ချင်းဘဲသွားရှာပြီး အကြောင်းပြချက်ခိုင်ခိုင်လုံလုံ သွားမေးရမည်။ အလည်ခေါ်တုန်းကခေါ်ပြီး အခုကျအထီးမှန်းအမမှန်းတောင် မသိတဲ့လူတစ်ယောက်နဲ့ လွှဲချခဲ့သည်ပေါ့လေ...၊ ဒေါ်မီယာရေ.....နင်ဘယ်လောက်ပြေးနိုင်သလဲ...။

သွယ်နန်းစံကယောက်ျားတွေဆို အမြင်ကတ်လွန်းလို့ လက်ဖျားနဲ့တောင်မထိတဲ့သူဆိုတာ သိသိရက်နဲ့လေ...။

အတွေးစများကဆက်စပ်သွားသဖြင့် ကိုယ့်လက်ဖဝါးလေးကိုယ် ပြန်ဖြန့်ကာ တုန်တုန်ယင်ယင်နဲ့ ကြည့်မိသည်။

မနေ့ကသူစိမ်းတစ်ယောက်ကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သည်၊ နန်းစံဘာကြောင့်များ ပါးရိုက်ခဲ့မိပါလိမ့်..။ ဒီထက်ပိုပြီးသည်းခံနိုင်ခဲ့ရင်ကောင်းသား...။ ဘာဘဲဖြစ်ဖြစ်သူအပြစ်လည်းတစ်ဝက်ပါသည်၊ စတွေ့တွေ့ချင်းမိန်းကလေးတစ်ယောက်ကို ပြူးကြောင်ကြောင်နဲ့စိုက်ကြည့်ခြင်းဟာ အလွန်ရိုင်းစိုင်းတဲ့လုပ်ရက်ဟု ထင်မိသည်။ ဘယ်တုန်းကတည်းကလည်းပြန်မတွေးချင်ခဲ့ပါ၊ ယောက်ျားတစ်ယောက်ဆီက လိုချင်တပ်မက်မှုရမ္မက်များစွာဖြင့် မျက်စိဒေါက်ထောက်စိုက်ကြည့်ခံခဲ့ရသည့်အချိန်ဆို အော်ဂလီဆန်လွန်းလို့ သတ်သေပစ်လိုက်ချင်တဲ့အထိ...၊ အဲ့အချိန်ကတည်းက တစ်ယောက်ယောက်က ကိုယ့်ကိုစိုက်ကြည့်နေတာကို အရမ်းမုန်းခဲ့တာ အခုချိန်ထိ...၊ တဖြည်းဖြည်းနဲ့အတွေးစများက အတိတ်တွေဆီပြန်ရောက်သွားတော့ စိုက်ကြည့်နေခဲ့မိသည့် လက်ဖျားများကတုန်တက်လာသည်။ ဒါဟာစိတ်ရောဂါတစ်ခုလို့ မီယာကပြောခဲ့သည်။ နန်းစံအတွက်တော့ နာကျည်းမှုသက်သက်သာဖြစ်ပါသည်။

Runaway my Aurora:Where stories live. Discover now