Part 14(Zawgyi)

40 2 0
                                    

ဤလောကထဲကိုစတင်ရောက်လာခဲ့သည်နှင့် ပထမဆုံးသိကျွမ်းရင်းနှီးခဲ့ရသည့် ယောက်ျားတစ်ဦး....၊

ကြိုးစားရုန်းကန်ခြင်းမရှိ၊ ဆုံးမသွန်သင်ပြခြင်းလည်းမရှိဘဲ ‌ရောက်ရာနေရာလေးမှာ မှီးပျော်ကာအားကိုးဖွယ်တစ်စက်မှ မရှိသောထိုယောက်ျားတစ်ယောက်သည် ကျွန်မကိုတစ်ကိုယ်တည်းရှင်ကန်ရုန်းကန်ချင်တဲ့စိတ်ဖြစ်အောင် ပံ့ပိုးပေးခဲ့သည်။ ငယ်စဉ်ကတည်းကကျွန်မသိခဲ့တာက ယောက်ျားတို့သည် အားကိုးမရ၊ ထို့ကြောင့်ဘယ်သူ့အပေါ်မှ မမှီခိုဘဲရှင်သန်နိုင်အောင် ကြိုးစားရမည်။

ဘဝမှာရှေ့ဆောင်လမ်းပြဖြစ်ရမယ့် ယောက်ျားတစ်ဦးဟာ နန်းစံအတွက်တော့ စိတ်ကုန်ဖွယ်သာဖြစ်သည်။

******************

အချစ်ကဘာလုပ်လို့ရလို့လဲ...၊

ထိုစကားကိုမိခင်ရဲ့ပါးစပ်ဖျားကနေ မတော်တဆကြားလိုက်မိတော့ နန်းစံမယုံနိုင်အောင်ဖြစ်သွားရသည်။

ဖွးခင်စံရဲ့သူရဲကောင်းပုံပြင်တွေကြားမှာ ကြီးပြင်းလာတဲ့နန်းစံအတွက် အချစ်ဆိုတာသိပ်ကိုကြီးကျယ်ခမ်းနားလှတယ်လေ..၊

ကလေးနှစ်ယောက်မိခင်မုဆိုးမကိုယူဖို့ ထီးနန်းကိုတောင်စွန့်ခဲ့တဲ့မင်းသား...၊ ချစ်မြတ်နိုးသူမှာမိဖုရားတစ်ပါးဖြစ်နေခဲ့တဲ့အတွက် ထီးနန်းကိုကိုယ်တိုင်သိမ်းခဲ့တဲ့ စစ်သူကြီးတစ်ပါး...။

ဒါတွေဟာအချစ်မဟုတ်ရပါဘူးလား...၊ အချစ်ကတစ်ခါတစ်လေ ကြမ်းရှပြီးတစ်ခါတစ်လေတော့ ချိုမြိန်လှတယ်လေ...၊

ချိုမြိန်တာတဲ့လား....၊ အင်း....၊ ဒီစကားကမိခင်အတွက်တော့ မှားကောင်းမှားနေပါလိမ့်မယ်....။

"ရှင်ဒီလိုဘဲဆက်လုပ်နေတော့မှာလား....၊ ဘာပိုက်ဆံမှလည်းမယ်မယ်ရရမရှာနိုင်ဘူး...။

ရတဲ့ပိုက်ဆံရှင်အရက်သောက်တာနဲ့ကုန်တာဘဲ....၊ ကျွန်မနဲ့ကျွန်မသမီးကိုတစ်ချက်လောက် ငဲ့ကြည့်ပါအုံးလား..."

"ငါ့ဟာငါကြိုက်လို့သောက်တာလေ...၊ တစ်နေ့စာတစ်နေ့ဟင်းဖိုးကို ငါရှာပေးသားဘဲ....၊

မင်းတို့ဟာကရောင်ရဲတင်းတိမ်မှုမရှိလိုက်တာ...၊ ထမင်းလေးနပ်မှန်တော့လည်း ဟိုဟာလိုချင်ဒီဟာလိုချင်နဲ့...."

Runaway my Aurora:Where stories live. Discover now