Part 17(Unicode)

148 15 0
                                    

နန်းစံအတွက် ဘာမဆိုရင်ဖွင့်တိုင်ပင်ရာဖြစ်သော မမဝေသည်နန်းစံအကြောင်းကို ကြားလေတော့ အံ့သြမှင်သက်စွာငြိမ်သက်နေခဲ့သည်။

"နန်းစံကျောင်းမတက်ချင်တော့ဘူး...မမဝေ...."

မမဝေကထိုအခါမှ အိပ်မက်ကနိုးလာသောလူတစ်ယောက်လို အသိစိတ်ပြန်ဝင်ကာ အားပေးစရာစကားလုံးရှာရလေသည်။

"အို.....ကလေးရဲ့....ဒီလိုတော့ဘယ်ဖြစ်ပါ့မလဲ....၊

ကျောင်းကတော့ဆက်တက်ရမယ်လေ၊ ဆယ်တန်းအောင်ပြီးရင် တက္ကသိုလ်တောင်တက်ရအုံးမှာ...၊

တက္ကသိုလ်မှာလေ အရမ်းပျော်စရာကောင်းတာ နန်းစံရဲ့...သိလား....။

စာတွေလည်းအများကြီးကျက်စရာမလိုတော့ဘူး၊ သူငယ်ချင်းတွေနဲ့လျှောက်သွားပြီး မုန့်တွေလည်းကြိုက်သလောက် ဝယ်စားလို့ရပြီ...။

အဲ့အခါကျကောင်လေးချောချောလေးတွေလည်း အများကြီးရှိအုံးမှာ....၊

နန်းစံကကြီးလာရင်ဘာဖြစ်ချင်တာလဲ...."

"ရှင်.........."

နန်းစံဘယ်တုန်းကမှမတွေးခဲ့ဖူးတဲ့ မေးခွန်းတစ်ခုကို ရုတ်တရက်ကြီးကြားလိုက်ရသဖြင့် အကြာကြီးတိတ်ဆိတ်သွားရသည်။

နန်းစံဘာဖြစ်ချင်တာပါလိမ့်....၊

ဒီတိုင်းဖွားခင်ခံတို့နဲ့အတူ၊ မိသားစုဝင်တွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်ဘဲနေသွားချင်တာလေ...။

အကြာကြီးတွေးတောနေသည့်နန်းစံကလေးရဲ့ခေါင်းကို မမဝေကခပ်ဖွဖွပုတ်ကာ အားပေးလိုက်ပါသည်။

"အချိန်တွေရှိပါသေးတဲ့နန်းစံရဲ့...၊ ဖြည်းဖြည်းချင်းစဉ်းစားပေါ့....။

ဆယ်တန်းကိုအမှတ်ကောင်းကောင်းနဲ့အောင်ရင် ကြိုက်တဲ့တက္ကသိုလ်ရွေးတက်လို့ရပြီလေ...။"

ထို့နောက်မမဝေကနန်းစံကို အသေအချာကြည့်ကာ ခပ်တိုးတိုးရေရွတ်လိုက်ပါသည်။

"ကလေး.....မင်းရဲ့ဘဝကိုတစ်နေရာထဲမှာဘဲ မမြှုပ်နှံလိုက်နဲ့....၊

မင်းမှာသန်မာလှတဲ့အတောင်ပံတွေရှိတယ်....၊ တစ်နေ့အဲ့အတောင်ပံတွေကိုသုံးပြီး ဘယ်သူမှမရောက်ဖူးတဲ့နေရာတွေဆီ ပျံသန်းပြလိုက်စမ်းပါ....။

Runaway my Aurora:Where stories live. Discover now