Part 31(Unicode)

174 16 4
                                    

"မနန်းစံ......."

မင်းမောင်ရဲ့အော်သံဟာ လူအုပ်ကြားထဲမှာကျယ်လောင်စွာထွက်ပေါ်လာတာမို့ မသိချင်ဟန်ဆောင်ပြီးလှည့်ပြေးလို့လဲမဖြစ်နိုင်၊ နောက်ဆုံးတော့နန်းစံဟာ ဘာမှမဖြစ်သလိုပင်ဟန်ဆောင်ရင်း နောက်ကိုလှည့်ကာကြည့်လိုက်ရသည်။

မြင်နေကျနဲ့မတူ၊ကွဲထွက်နေတဲ့ မင်းမောင်ရဲ့ဖက်ရှင်ကြောင့် ခဏတော့ငေးမောကာ အကဲခတ်လိုက်သေးသည်။ ပုဆိုးအကွက်စိပ်စိပ်နှင့်လည်ကတုံးအင်္ကျီအဖြူကို မြန်မာဆန်ဆန်တွဲဖက်ဝတ်ဆင်ထားပြီး ခေါင်းကဆံပင်တွေကို နောက်ကိုသိမ်းကာစည်းနှောင်ထား‌သော်လည်း ဆံစအချို့ကတော့ နားအောက်မှာဖွာလွင့်နေသည်။ ဝမ်းသာအားရနှုတ်ဆက်လိုက်ပို့ကတော့ သူဘာအပြစ်မှမလုပ်ထားတဲ့ပုံမျိုးမို့ နန်းစံကမထေပြုံးပြုံးကာ စိုက်ကြည့်လိုက်သည်။

"ဟ.....ကျွန်တော်တို့မထင်မှတ်ဘဲတွေ့ကြပြန်ပြီနော်၊

ကျွန်တော်ထင်တာကတော့ ရေစက်ကသေးသေးလေးမဟုတ်ဘူး၊ အကြီးကြီးရှိတာထင်တယ်ဗျ..."

မင်းမောင်ကကိုယ့်စကားနှင့်ကိုယ် ဟက်ခနဲအော်ရယ်လိုက်သည်။

"ဒီပတ်ဝန်းကျင်မှာနေနေကြတဲ့လူတွေမို့ ဒီလိုနေရာမှာတွေ့တာ အထူးအဆန်းမဟုတ်ပါဘူးကိုမင်းမောင်..."

"မင်းမောင်....၊ မင်းဘယ်ရောက်သွားတာလဲလို့ ပျောက်သွားတာမြန်ပါ့..."

နန်းစံတို့မျက်နှာချင်းဆိုင်စကားပြောနေရင်း လူတစ်ယောက်လျှောက်လာကာ မင်းမောင်ဘေးမှာဝင်ရပ်လိုက်ပြီး နန်းစံကိုမြင်တော့မသိသလိုကြည့်သည်။

"အော်.....၊ မနန်းစံ.....၊ ဒါကကျွန်တော့်သူငယ်ချင်းစိုးမိုးနိုင်ပါ၊ ကျွန်တော်တို့ဖောင်ဒေးရှင်းမှာ co-founder အနေနဲ့တာဝန်ထမ်းဆောင်နေတဲ့သူပါ....။

စိုးမိုး.....ဒီရှေ့ကအမျိုးသမီးက မနက်ဖြန်ကစပြီးလုပ်အားပေးမယ့်သူဘဲ၊"

ထိုအခါစိုးမိုးနိုင်ဟုဆိုသူက နန်းစံတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို အသေအချာအကဲခတ်ကာ တစ်ခုခုကိုသဘောပေါက်သွားဟန်ဖြင့် လက်ဖြောက်တစ်ချက်တီးလိုက်သည်။

Runaway my Aurora:Where stories live. Discover now