Part 43(Unicode)

165 14 0
                                    

မုန်တိုင်းတွေတဲ့....၊ မုန်တိုင်းတွေဟာဘယ်လောက်ထိ ကြမ်းနိုင်မလဲ၊ တစ်ခါဝင်တိုက်ရင် ဘယ်လောက်ထိကြာတတ်သလဲ...၊ လူဘယ်နှယောက်လောက် နစ်နာဆုံးရှုံးရတတ်ပါသလဲ...။

သွယ်နန်းစံရဲ့ဘဝထဲကို တစ်ခုပြီးတစ်ခုဝင်လာတဲ့မုန်တိုင်းတွေကတော့ သိပ်ကိုကြမ်းတမ်းလှတာမို့ အသက်တောင်ယဲ့ယဲ့သာကျန်ပါသည်ဟု ရေရွတ်လိုက်ချင်ပါသည်။

နန်းစံအတွက်အစွမ်းကုန်ကြိုးစားပေးနေခဲ့တဲ့ မင်းမောင်ဟာ နိုင်ငံခြားကသူ့အစ်ကိုမိသားစု အက်ဆီးဒင့်ဖြစ်သဖြင့် အရေးပေါ်ထွက်ခွာသွားရသည်။ ကံမကောင်းစွာဖြင့် အမျိုးသမီးနှင့်ကလေးကတော့ အသက်ဆုံးရှုံးခဲ့ပါသည်တဲ့...။

သွယ်နန်းစံဆီလာတဲ့မုန်တိုင်းတွေဟာ သုတစစ်ပိုင်နှင့်ဆုဝေသွန်းဆီပါ အဖျားခတ်ဝင်ရောက်သွားတာမို့ သိပ်ကိုတုန်လှုပ်စရာကောင်းခဲ့တဲ့အချိန်တွေပါဘဲ။

**********************

"ငါ.....အစ်ကိုသာထက်အောင်နဲ့ပတ်သတ်ခဲ့ဖူးတယ်။ ဘီယာလေးဘာလေးသောက်ရင်း စကားပြောခဲ့ဖူးတယ်၊

အဲ့တုန်းကသူကပြောတယ်၊ နင့်ဆီကကလေးဟာ သုတရဲ့ကလေးမဟုတ်ဘဲ သူ့ကလေးတဲ့....။

အဲ့စကားကိုကြားတုန်းက ငါတော်တော်တုန်လှုပ်သွားပေမယ့် သုတစစ်ပိုင်ကဒီလိုလက်လွတ်စပယ် လုပ်တတ်တဲ့သူမျိုးမဟုတ်တာကို သိထားပြီးသားမို့ အဲ့ကလေးကသာထက်အောင်ကလေးဆိုတာကိုငါယုံလိုက်တယ်။"

ဆုဝေရဲ့မျက်လုံးတွေပြုးကျယ်လာပြီး တုတ်တုတ်မျှမလှုပ်နိုင်အောင် ချုပ်ထားလျက်သားဖြစ်သွားသည်။ သွေးအပျက်ပျက်ဖြစ်နေသည့် ဆုဝေသွန်းရဲ့မျက်နှာကိုသေချာစိုက်ကြည့်ရင်း ထိပ်ထားဆွေဟာ အဓိပ္ပာယ်ကောက်လျက်ရှိပါသည်။ သို့သော်လည်းဆုဝေဟာ တည်ငြိမ်အောင်မနည်းထိန်းရင်း အသံတွေတုန်ရီလျက်ပင် ပြန်ဖြေသည်။

"မဟုတ်ပါဘူး၊ ဒါသုတစစ်ပိုင်ရဲ့သမီးစစ်စစ်...၊"

ထိုအခါထိပ်ထားဆွေဟာ အိတ်ထဲကနေဆေးစာအိတ်လေးကိုထုတ်ကာ ဆုဝေရှေ့မှာချပြသည်။ ဒီတစ်ခါမှာတော့ ဆုဝေသွန်းတစ်ယောက် ဘာစကားမှချက်ချင်းပြန်မပြောနိုင်...။

Runaway my Aurora:Where stories live. Discover now