Part 11(Zawgyi)

55 3 0
                                    

အတိတ်ဆီသို့တဖန်...။

မုတ်သုန်လေအငွေ့အသက်တို့ ရောယှက်နေသည့်လေတို့သည် အနောက်တောင်အရပ်မှ အားအင်အပြည့်ဖြင့် တိုက်ခတ်လာပြီး ဖွင့်ဟထားသောပြတင်းနှစ်ချပ်ကို လှုပ်ရမ်းစေလျက် ခပ်ပါးပါးလိုက်ကာစလေးကို အလိုက်သင့်လွင့်ပါစေခဲ့သည်။ ခြံဝင်းထဲမှဆိပ်ဖလူးပန်းရနံ့တို့သည်လည်း လှိုင်လှိုင်သင်းလျက် လေတစ်ချက်တိုက်တိုင်း အသက်တစ်ခါဝဝရှူမိသည်အထိ စွဲမက်ရလေသည်။ နန်းစံသိပ်ကိုနှစ်သက်လွန်းလှတဲ့ ဆိပ်ဖလူးပန်းတွေလေ...။

ဒီပန်းတွေဟာညနေစောင်း နေမင်းကြီးနိမ့်ဆင်းသွားသည့်အချိန်တွင် စတင်ပွင့်လန်းလာခဲ့ပြီး ညအမှောင်တို့အစပျိုးလာသည်နှင့်တစ်ပြိုင်နက် အီစိမ့်နေအောင်မွှေးလာပါသည်။ သို့သော်လည်းသေးငယ်လှပသော ဆိပ်ဖလူးပန်းလေးများသည် အပင်ပေါ်တွင်ကြာရှည်စွာမစံမြန်းလိုက်ရဘဲ မနက်နေထွက်ချိန်မှာတော့ အပင်ပေါ်မှကြွေလွင့်လျက် မြေပြင်ပေါ်သို့သက်ဆင်းကြွေကျခဲ့ရပါသည်။

အဖြူရောင်ပွင့်ချပ်တွေအလယ်မှာ နီရင့်ရင့်လိမ္မော်လေးသမ်းနေတဲ့ ပန်းပွင့်လေးတွေကိုကောက်ဖို့ မနက်ကိုရောက်ဖို့ရာမစောင့်နိုင်သော်ငြားလည်း ဖွားခင်စံရဲ့သားချော့တေးလေးကို နားထောင်ရင်း သမိုင်းအထောက်အထားများစွာရှိသည့် ရှေးဟောင်းအမွေအနှစ် အငွေ့အသက်တို့လွှမ်းခြုံရာ ပုဂံပြည်ရဲ့ရာဇဝင်ပုံပြင်တွေကိုလည်း နားထောင်ချင်မိတာမို့ အိပ်ပျော်သွားမှာကိုလည်း ခပ်ကြောက်ကြောက်ပင်။

ဒီလိုနှင့်ခုနစ်နှစ်အရွယ်သမီးလေး သွယ်နန်းစံဟာ ပုဂံမြို့သူကြီး ဖွားခင်စံရဲ့စကားတွေကိုနားထောင်ရင်း ဖြူစင်စွာပြုံးရယ်နိုင်ခဲ့ဖူးပါသည်။

ဆိပ်ဖလူးပန်းရနံ့တို့ထုံသင်းနေလျက်ပင် နူးညံ့သာယာသော တေးသွားသံစဉ်လေးက လွင့်ပျယ်လာတာမို့ ညဟာပို၍သာယာနေသယောင်ပင်...။ ခုံးမျက်စ သုံးရက်လသာရှိသေးသော ဖိုးလမင်းကြီးသည် လခြမ်းကွေးအရွယ်သာရှိသော်လည်း တတ်စွမ်းသလောက် အလင်းတို့ပေးစွမ်းလျက်ရှိပါသည်။

"အိုးး....အိုး......အိုး......အိုး.........အိုး......အိုး.......

တစ်ရံတစ်ခါဆီက ပုဂံရာဇဝင်ချစ်ဇာတ်လမ်းမှာ.....၊ မှတ်တမ်းတင်ခဲ့......မင်းကျန်စစ်နှလုံးသားဝေဒနာ.....

Runaway my Aurora:Where stories live. Discover now