Part 29(Unicode)

157 18 1
                                    

မိုးပင်မလင်းသေးသောမနက်စောစောအခါတွင် ဆောင်းလေကြမ်းတို့တဖြူးဖြူးတိုက်ခတ်ကာ ပတ်ဝန်းကျင်တစ်ခွင်တွင်မြူမှုန်တို့ရစ်ဆိုင်းလို့....၊ ချမ်းစိမ့်စိမ့်ရာသီဥတုလေးဟာ အညာဒေသရဲ့ပင်ကိုယ်ဟန်တစ်ခုပင်ဖြစ်ပါလိမ့်မည်။

ကြက်ဖတွန်သံပြီးဆုံးသွားတဲ့နောက် အိမ်ခြေအနည်းငယ်သာရှိသော ရွာစုလေးတွင်မီးပွင့်လေးများ ဖျတ်ခနဲပွင့်လာကြပြီ၊ နေ့သစ်တစ်ခုကိုစတင်ရန် အဆင်သင့်ဖြစ်လေကြပြီ၊ တစ်ရွာလုံးကိုယ်စီအလုပ်ခွင်ဝင်ရန် အားမာန်တက်ကြွစွာ ချီတက်လာကြသည့်အချိန်တွင် ဥတ္တရမင်းမောင်သည်လည်း ဆိပ်ဖလူးပင်ကြီးအောက်မှာ အလုပ်ကိစ္စအကြီးကြီးတစ်ခုဖြင့် ဗျာများလျက်ရှိပါသည်။

ဟော.....တစ်ပွင့်ကြွေလာပြန်ပြီ....၊ မျက်လုံးများသည် ထိုကြွေကျလာသောအပွင့်လေးကို သေချာ‌မော့ကြည့်ရင်း လက်ဖြင့်အသာအယာဖမ်းဆုပ်ကာ ကွပ်ပျစ်ပေါ်တင်ထားသော လက်ကိုင်ပဝါလေးပေါ်ချလိုက်သည်။ ပဝါစလေးအပေါ်မှာတော့ လိမ္မော်ရောင်ရင့်ရင့်ရိုးတံများနှင့် အဖြူရောင်ပွင့်ဖတ်များက ပုံစံမပျက်တည်ရှိနေပါသည်။

မြေမခတဲ့ပန်းပွင့်လေးတွေရဖို့ အားကုန်သုံးကာ စိုက်ထုတ်၍နေသည်လေ...။

သို့သော်လည်းလေပြင်းတစ်ချက်တိုက်တာတဲ့ တဖြုတ်ဖြုတ်ကြွေလွင့်လာတဲ့ ပန်းပွင့်တွေအကုန် လိုက်မဖမ်းနိုင်တဲ့အတွက် မြေပြင်ပေါ်မှာတော့ ကောက်မယ့်သူမရှိတဲ့ပန်းလေးတွေဟာ ဒီအတိုင်းရှိ၍နေသည်။

တွေးနေတုန်းပါဘဲနောက်တစ်ပွင့် ကြွေကျလာတာမို့ အပြေးဖမ်းရင်း ခလုတ်တိုက်ကာရှေ့ကို တစ်ချက်ယိုင်သွားသော်လည်း လဲမကျအောင်ထိန်းလိုက်နိုင်တာမို့ တကျွတ်ကျွတ်ရေရွတ်ကာ သက်ပြင်းဖွဖွချရသည်။

"ရှင်ဘာလုပ်နေတာလဲ...."

သေချာပေါက်ရင်းရင်းနှီးနှီးသိနေတဲ့ အသံတစ်ခုကိုကြားလိုက်ရတာမို့ ဝမ်းသာအားရအိမ်ပေါက်ဝကို လှမ်းကြည့်လိုက်သော်လည်း မည်သူမှရှိမနေပါ...၊ ပတ်ဝန်းကျင်ဟာလည်း နေမထွက်သေးသဖြင့် မှောင်မည်းအုံမှိုင်း၍နေသည်။ ရုတ်တရက်ဆိုသလို ကျောချမ်းလာတာမို့ ဘယ်ကိုမှမရွေ့နိုင်ဘဲ ကြောင်‌တောင်တောင်နှင့်ရပ်နေမိသည်။

Runaway my Aurora:Where stories live. Discover now