Part 39(Unicode)

159 14 1
                                    

အရိပ်ရကုဣိုပင်ကြီးအောက်မှာထိုင်ရင်း ခပ်ဝေးဝေးကဘုရားအိုများကို တိတ်တဆိတ်ဖူးမြော်ရတာကလည်း ပုဂံပြည်၍အနှစ်သာရတစ်ခုပါဘဲလေ...၊

စန္ဒာဝေသည်အတွေးများစွာကို လိုက်လံဖမ်းဆုပ်ရင်း ဘုရားပရဝဏ်တစ်ခုမှာ စံပယ်ပန်းလေးတွေသီကာလိုက်‌ရောင်းနေသည့် ကလေးမလေးဆီ အကြည့်ရောက်သွားပြန်သည်။ ဝေထိုင်နေသည့်နေရာနှင့် ထိုကလေးမလေးခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်ကာ ပန်းရောင်နေသည့်နေရာမှာ မဝေးလှသဖြင့် မကြာခင်မှာဘဲထိုမိန်းကလေးဟာ ဝေ့ကိုသတိထားမိသွားပြီး ဝမ်းသာအားရနှုတ်ဆက်ပါသည်။ အဲ့အချိန်မှာဘဲလွယ်အိတ်လေးတစ်လုံးနဲ့ပြေးလာတဲ့ ငါးနှစ်အရွယ်စုတ်ချွန်းချွန်းကောင်လေးတစ်ယောက်က ထိုမိန်းကလေးလက်ကိုပြေးဆွဲလိုက်တာမို့ ဝေ့ရဲ့ရင်ဘတ်ထဲ ဒိတ်ခနဲဖြစ်သွားပြန်သည်။

အော်....ဒါဟာဒုတိယသားလေးဖြစ်ပါလိမ့်မည်...၊

စန္ဒာဝေဟာသက်ပြင်းတစ်ချက်သာချလိုက်သော်လည်း အပြုံးတော့မပျက်ခဲ့၊ ဣန္ဒြေရရအကြည့်ပြန်လွှဲလိုက်သည်။ သို့သော်လည်းကလေးမလေးကတော့ နုံနုံအအကောင်လေးလက်ကိုဆွဲကာ ဝေ့နားကိုရောက်လာခဲ့ပါသည်။

"ဒေါ်လေး..,တွေ့ပြန်ပြီနော်...၊"

ဝေကအလိုက်အထိုက်ပြန်ပြုံးပြရင်း နှုတ်ဆက်လိုက်သည်။

"ဒါကကလေးရဲ့ မောင်လေးလား..."

"ဟုတ်....၊ ...လေ.....၊ နောက်နှစ်ကျောင်းတက်တော့မှာဆိုပေမယ့် သူကအခုကတည်းက တက်ကြွနေတာ...."

"အော်...၊ ဟုတ်လား....၊ ကြီးလာရင်ပညာတတ်ကြီးဖြစ်မှာဘဲ...."

ဝေကကလေးတွေကိုမြှောက်ပြောလိုက်ရင်း အနားမှာရှိနေသည့် ရေခဲချောင်းသည်ကိုလှမ်းခေါ်ကာ တစ်ယောက်တစ်ချောင်းစီဝယ်ကျွေးလိုက်သဖြင့် နှစ်ယောက်သားမျက်လုံးကလေးတွေ ဝင်းလက်သွားတော့သည်။

"သမီးကကြီးလာရင်ဘာဖြစ်ချင်တာလဲ..."

"ဟင်....သမီးလား...."

ထိုချစ်စဖွယ်ဖွံ့ဖွံ့ထွားထွားမိန်းကလေးက တစ်ချက်စဉ်းစားကာ အားရပါးရပြန်ဖြေသည်။

Runaway my Aurora:Where stories live. Discover now