Part 13(Unicode)

154 14 2
                                    

သာယာလှပတဲ့သီတင်းကျွတ်ညလေးမှာ ငွေရည်ရွှန်းလဲ့သောဖိုးလမင်းကြီးသည် ငွေမှုန်ကလေးများကဲ့သို့ တောက်ပလျက်ရှိသော ကြယ်မှုန်တို့ကိုအဖော်ပြုကာ ပြည့်ဝိုင်းလျက်ရှိပေသည်။ မိုးသက်လေပြည်ကင်းရှင်း၍ ရာသီဥတုသည်ချမ်းစိမ့်စိမ့်နှင့် သာယာလျက်ပင်...၊

တန်ခိုးကြီးဘုရားများတွင်လူများဖြင့် ပြည့်ကျပ်ကာခြေချစရာပင်မရှိဘဲ သီတင်းကျွတ်ဆီမီးတစ်ထောင်ပူဇော်ပွဲ၊ မီးထွန်းပွဲများ၊ ဇာတ်အငြိမ့်ပွဲများဖြင့် ပုဂံမြို့သည်ခြိမ့်ခြိမ့်သဲစည်ကားလျက်ရှိပါသည်။

ဖွားခင်စံရဲ့ကျယ်ဝန်းလှသောခြံကြီးထဲမှာတော့ မိသားစုဆွေမျိုးများစုဝေးလျက် လူကြီးသူမကန်တော့ပွဲများကို အစဉ်အလာမပျက်ကျင်းပလေ့ရှိပါသည်။ ထိုအချိန်သည်နန်းစံတို့ကလေးများအတွက် အပျော်ရွှင်ဆုံးအပြင် ငွေအရွှင်ဆုံးလဖြစ်သဖြင့် များစွာစိတ်လှုပ်ရှား၍နေပါသည်။

ခိုင်ခံ့ကျယ်ဝန်းသောပျဉ်ထောင်အိမ်ကြီးထဲတွင် စကားသံများသည်မစဲပေ၊ ဦးရဲဇော်၏ sound box မှလည်း သီချင်းမျိုးစုံညံလျက်ရှိ၏။

ညိုလွင်လွင်ဖယောင်းပုဆိုးပေါ်မှာ ဝိုင်းဖွဲ့ကာထိုင်ကြလျက် မုန့်ပဲသရေစာကလည်းအစုံချထားသည်။

ပထမဦးစွာဤအိမ်၏အကြီးအကဲဖြစ်သော ဖွားခင်စံနှင့် ဖွားလေးဒေါ်ကြိုင်ကြိုင်ကို နန်းစံတို့အားလုံးဝိုင်း၍ကန်တော့ကြသည်။

သုတနှင့်ဆုဝေကလည်း အိမ်လည်လာသဖြင့် မိသားစုအားလုံးပေါင်းဆုံကာ စည်ကားလျက်ရှိပေသည်။

အဖွားနှစ်ယောက်လုံးကလည်း ဆုတွေပေးလိုက်တာ စုံနေပါရော...၊ တချို့ဆုတွေကိုနားမလည်သော်လည်း ကြားဖန်များသဖြင့် မှတ်ပင်မှတ်မိနေတော့သည်။

ကန်တော့ပြီးတဲ့နောက် ကလေးတွေအကြိုက်ဆုံးအစီအစဉ်လာပါတော့သည်။

အဖွားနှစ်ယောက်လုံးကမျက်နှာများ ပြုံးချိုစွာဖြင့် တစ်ယောက်တစ်ထောင်စီပေးလေတော့ ဟန်တောင်မဆောင်နိုင်ဘဲ ဝမ်းသာအားရပြေးယူကြသဖြင့် လူကြီးများကဝိုင်းရယ်ကြပေသည်။

Runaway my Aurora:Where stories live. Discover now