Part 37(Unicode)

142 13 0
                                    

ပုဂံပြည်ရဲ့အအေးဓာတ်ဟာ ဆောင်းဝင်စအချိန်မှာ စတင်အသက်ဝင်လာခဲ့ပါပြီ၊

ကျွန်တော်နေခဲ့တဲ့နိုင်ငံတွေလို အရိုးထဲထိချမ်းစိမ့်နေအောင် အေးတာမဟုတ်သဖြင့် နေလို့ထိုင်လို့ကောင်းလှပါသည်။

ကျွန်တော်ဒီရောက်နေတာ တစ်ပတ်ပင်မပြည့်သေးသော်လည်း ပုဂံမြို့ရဲ့ဘုရားအ‌ တော်များများလည်း စုံလင်နေအောင်သွားဖူးခဲ့ပြီမို့ ဒီတစ်ခါအားလပ်ချိန်လေးမှာတော့ ကျွန်တော့်အဖွားနေခဲ့ဖူးသည့် အိမ်ကလေးဆီ အရောက်သွားအုံးမည်ဟုတွေးထားခဲ့ပေသည်။

အမှန်တိုင်းဝန်ခံရလျှင် နန်းစံတို့မြေးဖွားနှစ်ယောက်ကို တွဲမြင်လိုက်သည့်အချိန်တုန်းက ကျွန်တော့်အဖွားကို သိပ်ကိုလွမ်းဆွတ်သွားရပါသည်။ ကျွန်တော့်ကိုငယ်ငယ်လေးကတည်းက ပျိုးထောင်ပေးခဲ့တဲ့ ကျွန်တော့်အဖွားရဲ့ နောက်ဆုံးခရီးကိုတောင် လိုက်မပို့နိုင်ခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်ခဲ့ရသည်။

ကျွန်တော့်အဖေဟာ နိုင်ငံခြားသားတစ်ယောက်ဖြစ်နေတဲ့အတွက် အမျိုးအနွယ်ကိုတန်ဖိုးထားတဲ့ ဆွေမျိုးတွေကြားမှာ အမေဟာမျက်နှာငယ်ခဲ့ရသည်။ ကျွန်တော့်အမေဟာ tourist guide တစ်ယောက်ဖြစ်ပြီး ကျွန်တော့်အဖေကတော့ travel and tour agency ရဲ့ owner ဖြစ်တာကြောင့် အတူတူအလုပ်လုပ်ရင်း ချစ်ကြိုက်ကာလက်ထပ်ခဲ့သည်။ ဒါပေမဲ့ကျွန်တော့်အမေမှာ အရင်ယောက်ျားကပါလာတဲ့ သားတစ်ယောက်ရှိသည်။ ကျွန်တော့်ထက်အသက်ပိုကြီးသော်လည်း ငယ်ငယ်ကတည်းက စကားပြောလဲကောင်းသည့်အပြင် ဗမာစစ်စစ်တစ်ယောက်ဖြစ်တာမို့ ဆွေမျိုးတော်များကအစ်ကိုကြီးကိုသာ ဝိုင်းချစ်ခဲ့ကြပြီး မျက်လုံးပြာပြာနဲ့ကျွန်တော့်ကိုတော့ ဖယ်ချန်ထားကြပေသည်။ သို့သော်လည်းကျွန်တော့်အဖွားကတော့ အပယ်ခံဖြစ်နေတဲ့ ကျွန်တော့်အတွက်သူငယ်ချင်းတစ်ယောက်ဆိုလည်းဟုတ်သည်၊ မိခင်တစ်ယောက်ဆိုလည်းဟုတ်သည်။

"ကြယ်တွေကသိပ်လှတာဘဲနော်၊ အဖွား...."

ညဉ့်ဦးမှောင်ရီပျိုးစအချိန်ရောက်တာနဲ့ ဥတ္တရမင်းမောင်ဆိုတဲ့ကျွန်တော်ဟာ ကျွန်တော်တို့နေတဲ့အိမ်ကြီးရဲ့ လေသာဆောင်ပေါ်တက်ကာ ကြယ်တွေကိုထိုင်ငေးလေ့ရှိသည်။ အဲ့ဒီအချိန်တွေမှာဆို ကျွန်တော့်မျက်လုံးတွေက တောက်ပနေတာဘဲဆိုပြီး အဖွားကတဖွဖွပြောလေ့ရှိပေသည်။

Runaway my Aurora:Where stories live. Discover now