Part 16(Unicode)

148 16 1
                                    

ပြေးနေတဲ့ခြေ‌ထောက်လေးတွေဟာ မြေပြင်နေနဲ့တကယ်ဘဲထိနေပါသေးရဲ့လား...၊

လိပ်ပြာလေးတစ်ကောင်လိုပျံပြေးရင်း ဟိုးအဝေးကိုထွက်သွားချင်လိုက်တာ...။

ခြေဖဝါးနုနုလေးနဲ့ကျောက်စရစ်ခဲလေးတွေနဲ့ ထိမိလေတိုင်းစူးခနဲနာကျင်ရသော်လည်း အရှိန်မလျှော့ကာဆက်ပြေးနေဆဲ...၊

ရှည်လျားသောဆံနွယ်တွေဟာ လေထုထဲမှာဘဲဝဲလွင့်လျက်ရှိပါသည်၊

ကျောင်းစိမ်းအင်္ကျီကလေးက ဖုန်မှုန်တွေကြားမှာညစ်ပေနေပြီး မျက်နှာပေါ်မှာတော့ မျက်ရည်တို့သည်ခမ်းခြောက်လျက်ပင်...။

အနက်ရောင်အိမ်မည်းကြီးအရှေ့ကို‌ရောက်လာတော့ နန်းစံသည်လွယ်အိတ်ကိုကွပ်ပျစ်ပေါ်ပစ်တင်ကာ အိမ်ထဲကိုအော်မေးလိုက်သည်။

"မမဝေ.....မမဝေရှိလား...."
"မရှိဘူး၊ တောင်တစ်ဝက်ဘုရားဘက်သွားတယ်..."

ခြံထဲကနေထပ်မံပြေးထွက်လာပြီး တမာပင်တို့ကိုကျော်ဖြတ်လာသည်၊

ရင်ဘတ်ထဲမှာတော့ဘာခံစားချက်မှမပါ၊ ဗလာသက်သက်...။

အားတုံ့အားနာလေးတောင် တစ်ချက်မှမကြည့်မခံခဲ့ရဘဲ ထိုနေရာမှာခြေဗလာနှင့် ကိုယ်ကျန်ခဲ့ရသည်။ လက်မောင်းကလေးကိုအသာအယာမှီတွဲကာ ထွက်ခွာသွားကြသည့်လူနှစ်ယောက်ကို ခြောက်သွေ့စွာရပ်ကြည့်နေခဲ့ရသည်။

ခမ်းနားကြီးကျယ်ခဲ့ရတဲ့ အချစ်နဲ့ပတ်သတ်တဲ့စိတ်ကူးတွေဟာ လေတစ်ချက်အဝေ့မှာ တိမ်တွေနဲ့အတူပျက်သုဉ်းသွားခဲ့ရပြီ။ တဖြည်းဖြည်းနဲ့ဆို့နစ်မွန်းကျပ်လာသဖြင့် ကျယ်လောင်စွာအော်ကာ ငိုလိုက်ချင်သော်လည်း ထုံပေပေနှင့်ပြုံးရယ်မှုတွေပျောက်ဆုံးနေခဲ့ပါကော...။

နောက်ဆုံးမှာတော့ ဝရုန်းသုန်းကားပြေးလာတဲ့နန်းစံကို တောင်တစ်ဝက်ဘုရားပေါ်မှာ နေဝင်ချိန်အလှကိုခံစားနေသည့် မဝေကမြင်သွားသည်။ ထိုဆုံလိုက်သည့်အကြည့်ကလေးခဏမှာတင် တင်းခံထားရသမျှ အရည်ပျော်ကျခဲ့ပါပြီ...။

မှောင်ပိတ်နေတဲ့ ခပ်ကျဉ်းကျဉ်းလှေကားလေးကို လျင်မြန်စွာပြေးတက်ကာ ရင်ပြင်ပေါ်သို့ရောက်အောင် ရှိရှိသမျှအားအကုန်ထုတ်ခဲ့ရသည်။ အမှောင်ထုကြီးထဲကနေ အလင်းထဲကိုပြန်ရောက်လာတော့ စိုးထိတ်နေသောမျက်ဝန်းများဖြင့် စောင့်ကြိုနေခဲ့သော မဝေကိုတွေ့လိုက်ရသည်။

Runaway my Aurora:Where stories live. Discover now