Part 28(Unicode)

188 16 1
                                    

"ရှင်ရူးနေတာမဟုတ်လား...."

နန်းစံရဲ့စကားကတစ်ခွန်းထဲဆိုပေမယ့် ထိထိမိမိရှိလှတာမို့ နန်းစံရှေ့မှာရပ်နေတဲ့ ကိုဥတ္တရမင်းမောင်ကတော့ ကမ်းထားတဲ့လက်တစ်ဖက်ကို ပြန်သိမ်းကာ အောင့်သက်သက်ပြုံးရင်း ခေါင်းတစ်ချက်ကုတ်လိုက်သည်။

"ခင်ဗျားကကျွန်တော့်ကိုတွေ့ရတာ ဝမ်းသာတဲ့ပုံမပေါ်ဘူးဘဲ...၊

ကျွန်တော်ကတော့ ခင်ဗျားကျွန်တော့်ကိုသတိရနေမယ်ထင်ထားတာ...."

ထိုအခါနန်းစံကခပ်ယဲ့ယဲ့ပြုံးကာ လက်ထဲကစာရွက်လေးကို တင်းတင်းဆုပ်ကိုင်ရင်း မေးလိုက်သည်။

"ရှင်ကဘာလို့ဒီလောက်သေချာနေရတာလဲ..."

"အင်း.....မပြောတတ်ဘူး၊ gut instinct လို့ခေါ်မလား.....။

အလိုလိုသိနေတဲ့အာရုံပေါ့ဗျာ....."

"အဲ့တာထက်....၊ ရှင်ကဘာလို့မပြောမဆိုနဲ့ ဒီရောက်နေတာလဲ၊"

"ဟောဗျာ...., ခင်ဗျားကဆက်သွယ်စရာတစ်ခုမှ မချန်ခဲ့တော့ ကျွန်တော်ကဘယ်လိုဆက်သွယ်ရမှာလဲ....။ ညရှစ်နာရီသတင်းမှာ ထည့်ကြေငြာပေးရမှာလား၊"

မင်းမောင်ကမှုန်ကုပ်ကုပ်နှင့်ညည်းညူလိုက်လေတော့ နန်းစံကပွင့်လင်းစွာရယ်မောပါသည်။ အဲ့ဒီနောက်နှစ်ယောက်လုံး ဘုရားပေါ်ကပြန်ဆင်းကာ စကားတွေပြောဖြစ်ကြသည်။

သွယ်နန်းစံရဲ့စိတ်ထဲမှာတော့ အိပ်မက်တစ်ခုမက်နေသလိုဘဲ အရာအားလုံးဟာ ယုံကြည်နိုင်ဖို့ခဲယဉ်းလှပါသည်။ ရင်ဘတ်ထဲကတဒုတ်ဒုတ်မြည်နေတဲ့ နှလုံးသားလေးဟာ အံ့သြထိတ်လန့်မှုကြောင့် တုန်လှုပ်နေသည်ဟုသာ ယုံကြည်ချင်မိသည်။

ဘေးနားမှာယှဉ်တွဲပါလာသည့် ထိုလူကိုတစ်ချက်ငဲ့ကြည့်လိုက်တော့ ပြာလဲ့သောမျက်ဝန်းတစ်စုံနှင့် ဆုံမိသည်။ ထိုမျက်ဝန်းတွေ တောက်ပနေလိုက်တာဆိုတာ တစ်ခါတစ်ခါရယ်မောလိုက်တိုင်း မျက်ရည်စလေးတွေစို့လာတဲ့အထိ။

ဒီလူဟာနန်းစံအတွက် ဘယ်လိုအဓိပ္ပာယ်ရှိတဲ့လူမျိုးဖြစ်လိမ့်မလဲ....၊

"ကျွန်တော့်မှာအာနန္ဒာဘုရားပေါ်ကဆင်းလာပြီးချင်း e-bike စီးပြီးဖြတ်သွားတဲ့ ခင်ဗျားကိုမြင်တော့ ရရာစက်ဘီးကိုကောက်ယူပြီး စီးလာရတာ...။

Runaway my Aurora:Where stories live. Discover now