Part 9(Unicode)

172 16 0
                                    

"မမနန်းစံ...ပျော်ခဲ့ရဲ့လား..."

"လက်ဆောင်တွေအများကြီးပါဘဲလား..."

ဆိုင်မှာရှိတဲ့ဝန်ထမ်းကောင်မလေးသုံးယောက်က နန်းစံယူလာသည့်အထုပ်တွေကို ကြည့်ကာအပြုံးကိုယ်စီဖြင့် တအံ့တသြရေရွတ်လျက်...။

ဆိုင်ဖွင့်ချိန်မို့ဝယ်သူမရှိသော်လည်း 925 Jwellary များကိုတော့ Online business အနေနဲ့ပါ ရောင်းချပေးတာမို့ လူကိုယ်တိုင်လာဝယ်စရာမလိုဘဲ မက်ဆေ့ဂျ်လေးတစ်စောင် ပို့လိုက်ရုံနှင့်အရောင်းအဝယ်ကဖြစ်နေခဲ့ပြီ...။

"မမ...ဟိုတစ်နေ့ကလာသွားတဲ့ဝယ်သူက ဒီဇိုင်းလေးတွေကြိုက်လို့တဲ့၊ ပွဲတစ်ခုတက်စရာရှိတာမို့ သူ့အတွက်သီးသန့်ဒီဇိုင်းဆွဲပေးမလားတဲ့...၊ အဲ့တုန်းကမမကခရီးသွားနေတာမို့ သူကလိပ်စာကဒ်ဘဲယူသွားပြီး ဆက်သွယ်လိုက်ပါမယ်တဲ့.."

"အိုခေလေ...၊ ဒါပေမဲ့ဒီကြားထဲ ဘာဒီဇိုင်းမှာအာရုံမလာတာကြာပြီ...။

ဒါပေမဲ့လည်းကြိုးစားကြည့်ပါအုံးမယ်လေ..."

နန်းစံတို့တွေစကားတပြောပြောနှင့် ကောင်တာရှေ့ကဆိုဖာခုံများပေါ် ဝင်ထိုင်လိုက်ကြပြီး ကောင်မလေးတစ်ယောက်က ရေနွေးကြမ်းနှင့်လက်ဖက်ပန်းကန်လာချကာ ဧည့်ခံသည်။

နန်းစံစီးထားသည့်ကတ္တီပါဒေါက်ဖိနပ် ပန်းစည်ရောင်လေးသည် တစ်လှမ်းလှမ်းလိုက်တိုင်း မြည်သံလေးတွေစီစီညံညံဖန်တီး၍နေသည်။ ခန္ဓာကိုယ်ပေါ်ဆင်မြန်းထားသည့် အပွင့်ကြီးကြီးပါသည့်ပါတီလုံချည် ပန်းစည်ရောင်ဝမ်းဆက်လေးနှင့် လိုက်ဖက်ညီကာ နက်မှောင်တောက်ပြောင်သောဆံပင်ကို ဆံညှပ်ကြီးကြီးတစ်ခုနှင့် ညှပ်တင်ထားသဖြင့် ရှိရင်းစွဲအသက်ထက်ပင် ရင့်ကျက်သယောင်ပေါ်သည်။ သို့သော်လည်းနုနယ်ပျိုမျစ်သော မျက်နှာသွယ်သွယ်လေးပေါ်တွင် အဖျားတွင်လုံးပိသွားသော နှာတံလေးနှင့် အရာရာကိုဖုံးကွယ်ဟန်ဆောင်ထားရသော စူးရှတောက်ပသည့် မျက်ဝန်းညိုညိုလေးကြောင့် ဘယ်လောက်ဘဲလူကြီးဆန်ဆန်ပြင်ဆင်ဝတ်စားထားပါစေ နှစ်ဆယ်ကျော်အသက်အရွယ်၏ အငွေ့အသက်များကလျော့ကျမသွားပေ...။

Runaway my Aurora:Where stories live. Discover now