လမ်းတစ်ဝက်ရောက်ကာမှ အဆုံးသတ်ဖို့ကြန့်ကြာခဲ့ရတဲ့ ဒီဝတ္ထုလေးက နောက်ဆုံးမှာတော့ပြီးမြောက်ခဲ့ပါပြီ။ ဝတ္ထုရှည်ကြီးတစ်ပုဒ်ရေးပြီးလို့ The End လို့ပိတ်သိမ်းလိုက်လေတိုင်း ကျွန်မရဲ့စိတ်ထဲမှာ ကျေနပ်ပီတီဖြစ်မှုဟာ အတိုင်းထက်လွန်ပါဘဲ...၊ ရေးလက်စဝတ္ထုတွေမပြီးသေးတိုင်း စိတ်ထဲမှာတနုံ့နုံ့နဲ့ မတင်မကျဖြစ်နေကျမို့ ဇာတ်သိမ်းရောက်ဖို့ မနည်းကိုယ့်ကိုယ်ကိုယ်တွန်းအားပေးရင်း လောဘတက်ခဲ့ရပါတယ်..။
2022 နိုဝင်ဘာမှာပြီးဖို့ ယာထားခဲ့တဲ့ aurora fic လေးကို 2023 ကျမှဘဲအဆုံးသတ်နိုင်ခဲ့ပါတော့တယ်...၊ အဲ့အခါမှရင်ဘတ်ထဲကအလုံးကြီးတစ်ခုကျသွားသလို စိတ်ထဲမှာပေါ့ပါးသွားတော့တာပါဘဲ။
ဝတ္ထုထဲမှာသာ The End ဆိုပြီးအဆုံးသတ်လိုက်ပေမယ့် စာဖတ်သူတွေအနေနဲ့ ကိုယ့်စိတ်ကူးနဲ့ကိုယ် ဘာတွေဆက်ဖြစ်မလဲ စိတ်ကူးယဉ်လို့ရပါသေးတယ်...၊ ကျွန်မကအစပျိုးပေးတဲ့သူသက်သက်ပါဘဲ၊ ဆက်လက်ဖန်တီးရေးသားမယ့်သူတွေကတော့ စာဖတ်သူတွေကိုယ်တိုင်ဘဲဖြစ်ပါတယ်...။ကျွန်မရဲ့စာဖတ်သူတွေရင်ထဲမှာ ဒီဝတ္ထုလေးစွဲကျန်နေသရွေ့တော့ to be continued ပါဘဲ...။
အရိုးသားဆုံးဝန်ခံရရင် ဒါဟာလက်တွေ့မှာကျွန်မကိုယ်တိုင်ကြုံခဲ့၊ ကြားခဲ့၊ မြင်တွေ့ခဲ့ရဖူးတဲ့ အဖြစ်အပျက်များစွာကို ထည့်သွင်းရေးသားထားတာမို့ ဒီလိုအဖြစ်အပျက်မျိုးအပြင်မှာ မရှိနိုင်ပါဘူးဆိုပြီးတော့တော့ မထင်လိုက်ပါနဲ့အုံး...။
ပြောရမယ်ဆိုရင် ဒါကယောက်ျားတွေမကောင်းကြောင်း ရေးထားတဲ့ ဝတ္ထုတစ်ပုဒ်ဆိုပြီးတော့တောင် တွေးထင်နိုင်ပါသေးတယ်...။
အဓိကကတော့ အမျိုးသမီးတွေခံစားရတဲ့ စိတ်ဒဏ်ရာတွေနဲ့ပတ်သတ်ပြီး ချဲ့ကားရေးသားထားတာမို့ အမျိုးသားတွေဘက်ကကြည့်ရင် ဒါကလက်မခံနိုင်စရာဖြစ်ကောင်းဖြစ်နိုင်ပါတယ်...။
ကျွန်မတို့အမျိုးသမီးတွေမှာ ထုတ်ဖော်ပြသခွင့်မရခဲ့တဲ့ trauma တွေဆိုတာ အနည်းနဲ့အများရှိကိုရှိပါတယ်...။
ကျွန်မကိုယ်တိုင်မှာလဲရှိခဲ့တာဘဲ....၊ ဒါပေမဲ့ကျွန်မတို့မှာ လွတ်မြောက်ခွင့်ရှိပါတယ်...။
Runaway ပါဘဲ၊ ပြေးထွက်လာဖို့ဘဲလိုပါတယ်...၊ အချစ်နဲ့ပတ်သတ်ရင် မကောင်းတဲ့အတိတ်တွေရော ကောင်းတဲ့အတိတ်တွေရော ရှိခဲ့မှာဘဲ...။ ဒါကိုလက်ခံလိုက်...၊ အချစ်စစ်တိုင်းလဲမပိုင်ဆိုင်ရပါဘူးတဲ့..။
ဒီဝတ္ထုထဲကဇာတ်ကောင် သွယ်နန်းစံကသုတစစ်ပိုင်ကို တကယ်မချစ်လို့ မပိုင်ဆိုင်ခဲ့ရတာလို့ပြောလို့မှမရတာ...၊ အဲ့တာကြောင့်အချစ်ဆိုတာ ဘဝထဲတစ်ကြိမ်တစ်ခါဘဲ ဝင်ရောက်လာတာမဟုတ်ပါဘူးဆိုတာကို ချပြချင်ခဲ့တာပါ။
တွေ့ဆုံဖို့ကံတရားဆိုတာရှိရင် ဘယ်နေရာမှာဘဲရှိနေရှိနေ လူနှစ်ယောက်ဟာ ဆုံကိုဆုံပါတယ်...၊
နောက်တစ်ချက်အနေနဲ့တော့ အမျိုးသားတွေမှာအတ္တဆိုတာရှိပါတယ်၊ အဲ့ဒီအတ္တဆိုတာက အားကိုးခံချင်တဲ့စိတ်ကိုဆိုလိုတာပါ...၊ ကိုယ်ထက်သာနေတဲ့မိန်းမကိုတော့ ဘယ်ယောက်ျားကမှ ဖြူဖြူစင်စင်မချစ်နိုင်ပါဘူး၊ အနည်းနဲ့အများမနာလိုစိတ်ဖြစ်ပါတယ်။ ကိုယ်ကသူ့လောက်လုပ်နိုင်စွမ်းမရှိတဲ့အခါ ကိုယ့်ကိုယ်ကိုယ်သိမ်ငယ်စိတ်ဝင်လာပါတယ်၊ အဲ့စိတ်ကြောင့် ဘယ်လောက်ချစ်ချစ်ဝေးဖို့တွေ ဖြစ်လာကြတာပါ၊
နောက်ဆုံးအနေနဲ့ပြောရရင်တော့ ဒီ aurora fic လေးကနေတစ်ဆင့် ကျွန်မပေးချင်တဲ့ massage တွေအများကြီးပါ၊ ကျွန်မရဲ့ခံစားချက်တွေကို စာဖတ်သူတွေထံထုတ်ဖော်ပြသခွင့်ရခဲ့တဲ့အတွက် အတိုင်းမသိဝမ်းသာမိပါတယ်...။
ကျေးဇူးတင်စကားဆိုပြီး မဆိုင်တာတွေပြောနေမိပြီထင်ပါတယ်...၊
စာဆက်ရေးဖို့အားအင်တွေဖြစ်စေခဲ့တဲ့ အဓိကဇာတ်ဆောင်တွေကတော့ ကျွန်မရဲ့စာဖတ်ပရိသတ်တွေပါဘဲ...။
direct massage ကနေရော notice conversation ကနေပါ ဝတ္ထုအသစ်ကိုမျှော်နေကြောင်း လာပြောခဲ့ကြတဲ့သူတွေကြောင့် ရှေ့ဆက်ရေးဖြစ်ခဲ့တာပါ...။
ထပ်ဆင့်ပြီးပြောပြချင်တာကတော့ 2023 အတွက် ဒုတိယမြောက်ဝတ္ထုအသစ်ကို ခုနစ်လပိုင်းမှာစရေးဖို့ ပြင်ထားပါတယ်...၊ ပေါ့ပေါ့ပါးပါးအပိုင်းတိုတိုဘဲမို့ အမြန်ဆုံးတင်ပေးဖြစ်မယ်လို့လဲထင်ပါတယ်...။
တစ်ပိုင်းချင်းစီစောင့်ဖတ်ပေးခဲ့ကြတဲ့ သူတိုင်းကိုစိတ်ရင်းနဲ့ ကျေးဇူးတင်ကြောင်းပြောပါရစေ...၊
ကျွန်မရဲ့စာဖတ်ပရိသတ်တွေလဲ ကိုယ်တိုင်ပိတ်လှောင်ခဲ့ဖူးတဲ့ trauma တွေရှိခဲ့ရင် Runaway လုပ်နိုင်မယ်လို့ မျှော်လင့်ရင်း.......၊
မေတ္တာဖြင့်.....
ယူ့ဧကရာဇ်
****************************
YOU ARE READING
Runaway my Aurora:
Romansချစ်ခြင်းမေတ္တာဆီကနေထွက်ပြေးရမှာမဟုတ်ပါဘူး၊ အတိတ်တွေဆီကနေ ထွက်ပြေးဖို့လိုတာပါကွယ်...၊ Aurora အလင်းတန်းတွေဟာ တောက်ပဖို့အတွက် လောင်ကျွမ်းစရာမှမလိုတာ...။ အကယ်၍နှစ်သန်းပေါင်းတစ်ထောင်မှာ တစ်ခါ လိုအပ်တယ်ဆိုရင်တောင် လောင်ကျွမ်းခံမယ့်သူဟာ ကိုယ်ဘဲဖြစ်လိုက်မယ...