Part 40(Unicode)

172 15 2
                                    

ဟော်တော်၊ နန်းစံမျက်နှာတစ်ခုလုံး ပူနွေးလို့ပါလား၊ မနေ့ကဘာတွေဖြစ်ခဲ့သလဲဆိုတာကို အသေးစိတ်ကျကျပြန်တွေးမိရင်း တစ်ကိုယ်လုံးကြက်သီးမွေးညင်းများ ဖြာကျလာတော့သည်။ ဘယ်လိုတောင်မျက်နှာချင်းဆိုင်ရပါ့မလဲ၊

သွယ်နန်းစံတစ်ယောက် အိပ်ရာထဲကမထွက်နိုင်ဘဲ ငုတ်တုတ်မှိုင်နေခဲ့တာ အတော်ကြာခဲ့ပြီ။

မနေ့ညကအိမ်ပြန်ချိန်နောက်ကျသွားသဖြင့် ဟိုတယ်မှာသာအခန်းငှားပြီး မမဝေနှင့်အတူတည်းခိုဖြစ်ခဲ့သည်။

ရှန်ပိန်တွေသောက်တာများပြီး တစ်ကိုယ်လုံးပူစပ်စပ်ဖြစ်လာသဖြင့် ရေဆင်းကူးနေတုန်း ကိုမင်းမောင်ရောက်လာခဲ့တာကိုတော့ မှတ်မိသည်။ အဲ့ဒီနောက်ဘာတွေပြောဖြစ်ခဲ့ကြသလဲ.....၊

အို.....တွေးနေရင်း ရှက်အမ်းအမ်းဖြစ်လာတာမို့ မျက်စိစုံမှိတ်ခေါင်းကိုသွင်သွင်ခါရင်း အိပ်ရာထဲကနေဆတ်ခနဲထလာမိတော့သည်။

ဟိုတယ်မှာမနက်စာစားပြီး check out လုပ်တော့ ဟိုတယ်အရှေ့အပေါက်ဝကနေ စကားတပြောပြောနှင့်ဝင်လာသည့် မမဝေနှင့်ကိုမင်းမောင်ကိုလှမ်းမြင်ရသည်။ နန်းစံချက်ချင်းဘဲမျက်နှာလွှဲကာ မျက်လုံးချင်းမဆုံမိအောင် ရှောင်လိုက်မိသည်။

"အော်...၊ နန်းစံနိုးပြီလား၊ ပြန်တော့မလို့လား၊"

မမဝေကနန်းစံနားမှာလာရပ်ကာ လာနှုတ်ဆက်သဖြင့် နန်းစံလည်းအလိုက်အထိုက်ပြုံးပြလိုက်သည်။

"ဟုတ်တယ်မမဝေ၊ ဖွားခင်စံစိတ်ပူနေမှာစိုးလို့လ​ေ...."

"ကျွန်တော်လိုက်ပို့မယ်လေ..."

"နေပါစေ၊ "

နန်းစံလည်းချက်ချင်းဆိုသလို ငြင်းဆန်ကာမျက်လွှာကိုအောက်ချရင်း အလျင်အမြန်လစ်ထွက်လာခဲ့သည်။ ပုံမှန်ဆိုအတင်းအကြပ်နောက်ကလိုက်ပြီး လိုက်ပို့ပေးတတ်သောမင်းမောင်ဟာလည်း ဒီကနေ့တော့အလိုက်တသိ ငြိမ်သက်ကာကျန်ခဲ့ပါသည်။ နန်းစံလှည့်မကြည့်ပေမယ့် အာရုံကနေခံစားမိနေပါသည်။ သူပြုံးကျန်နေခဲ့မှာ သေချာပေါက်...။

"ဒီကလေးမ ဘာဖြစ်နေတာပါလိမ့်..."

စန္ဒာဝေကဘာမှမသိသူပီပီ ခေါင်းတစ်ချက်ကုတ်ကာ အားနာနာနှင့်ရယ်မောလိုက်လေတော့ မင်းမောင်လည်းပေါ့ပါးစွာရယ်မောလိုက်သည်။

Runaway my Aurora:Where stories live. Discover now