ကျွန်မကိုဘာတွေကရင့်ကျက်စေခဲ့သလဲ...၊ ထစ်ခနဲရှိမျက်ရည်ကျတတ်တဲ့ကျွန်မကို ဘယ်အရာတွေက သန်မာစေခဲ့သလဲ...။ လောကဓံဟာထပ်မံပုတ်ခတ်လိုက်သည့်အချိန် ကျွန်မရဲ့နှလုံးသားထဲမှာစွဲမြဲစွာ ထင်းကျန်ခဲ့တဲ့အရာကတော့ သစ္စာတရားဆိုတာ ပါးစပ်ဖျားမှာသာရှိသည်ဟူ၍ဖြစ်သည်။
ယောက်ျားတွေဟာသစ္စာရှိတတ်လို့လား...၊ ယောက်ျားတွေအတွက် အချစ်ဆိုတာအမြဲတစေပြောင်းလဲနေခဲ့တာာလား..၊
ယောက်ျားတစ်ယောက်အတွက် ဘဝကြီးတစ်ခုလုံးကိုရင်းနှီးခဲ့တဲ့ အမျိုးသမီးတစ်ယောက်က သစ္စာဖောက်ခံရတဲ့အခါ တကယ်ဘဲနားလည်ခွင့်လွှတ်နိုင်ရဲ့လား...။
ကျွန်မမြင်ခဲ့ရတာတွေကတော့ ပေးဆပ်သူအမျိုးသမီးတစ်ယောက်နဲ့ ရယူသူအမျိုးသားတစ်ယောက်တို့ ချစ်ခြင်းရဲ့အဆုံးသတ်....။
**********************
ဘဝမှာအဖေတစ်ယောက်လို အားကိုးယုံကြည်ရတဲ့ယောက်ျားတစ်ယောက်က မယုံနိုင်စရာအဖြစ်အပျက်တစ်ခုကို သယ်ဆောင်လာခဲ့ပေသည်။
အဲ့ဒီနေ့ကအလုပ်နားရက်ဖြစ်သဖြင့် နန်းစံတို့အိမ်မှာ အိမ်သားတွေအကုန်ရှိနေခဲ့သည်။
ဖွားခင်စံနဲ့မမဝေနဲ့ နန်းစံရဲ့အမေဒေါ်ဝင်းမာတို့သုံးယောက်က စကားဝိုင်းကျကာရယ်မောလျက်....။
ခြံရှေ့ကဆိပ်ဖလူးပင်ကြီးဟာလည်း ပူလောင်လှသောရာသီဥတုကြောင့် မွှေးရနံ့တို့ထုတ်လွှတ်ဖို့ရာ မစွမ်းသာဘဲအထီးကျန်နေရ၏။ ညနေစောင်းအချိန်မို့ရွာထဲမှာလည်း လယ်ယာစိုက်ပျိုးသောလုပ်ငန်းခွင်ကနေ ပြန်လာကြသူများဖြင့် စည်ကားလျက်...။
နန်းစံတို့အိမ်ကြီးဟာရယ်သံတို့ဖြင့် အသက်ဝင်လျက်ရှိပေသည်။ နန်းစံကတော့ စာမေးပွဲနီးပြီမို့ကျောင်းစာကိုသာ အာရုံစိုက်ကာ လုံးလည်ပတ်ချာရိုက်နေရသည်။
အဲ့ဒီအချိန်အိမ်ရှေ့ကနေ "အမေ...." လို့ခေါ်လိုက်တဲ့ အသံတစ်ခုကြောင့် ဖွားခင်စံကအိမ်တံခါးဝကိုထွက်ကြည့်သည်။ နန်းစံကတော့မထွက်ကြည့်လည်း ဒါဟာဦးရဲဇော်အသံဆိုတာ သိပြီးသားပင်...။
နန်းစံကစာရေးစားပွဲခုံပုလေးကနေ အပေါက်ဝကိုတစ်ချက်ကြည့်လိုက်တော့ ဖွားခင်စံဟာမလှုပ်မယှက် ငြိမ်သက်စွာရပ်တန့်နေခဲ့သည်။
YOU ARE READING
Runaway my Aurora:
Romanceချစ်ခြင်းမေတ္တာဆီကနေထွက်ပြေးရမှာမဟုတ်ပါဘူး၊ အတိတ်တွေဆီကနေ ထွက်ပြေးဖို့လိုတာပါကွယ်...၊ Aurora အလင်းတန်းတွေဟာ တောက်ပဖို့အတွက် လောင်ကျွမ်းစရာမှမလိုတာ...။ အကယ်၍နှစ်သန်းပေါင်းတစ်ထောင်မှာ တစ်ခါ လိုအပ်တယ်ဆိုရင်တောင် လောင်ကျွမ်းခံမယ့်သူဟာ ကိုယ်ဘဲဖြစ်လိုက်မယ...