Part 41(Unicode)

169 15 0
                                    

"ဒါဟာဒဏ္ဏာရီထဲမှာပျောက်ဆုံးနေခဲ့တဲ့ မဏိမလ္လာဆိုတဲ့ရတနာတစ်စုံဘဲ၊

အဲ့ဒီရတနာဟာပိုင်ရှင်အမှန်ဆီကိုအမြဲသွားတယ်၊ ပိုင်ရှင်အစစ်အမှန်မဟုတ်ဘဲ လက်ဝယ်ရထားရင် ဘယ်လောက်လုံခြုံအောင် သိမ်းထားထား နောက်ဆုံးမှာပျောက်ပျောက်သွားတတ်တယ်...။

အဖွားတို့မျိုးရိုးစဉ်ဆက်အလိုက် လက်ဆင့်ကမ်းလာခဲ့တဲ့ ရာဇဝင်ဟာအမှန်ဖြစ်ကြောင်း ဒီကနေ့မှာအသေအချာသိလိုက်ရတာဘဲ...။"

ဖွားခင်စံရဲ့မျက်ဝန်းတွေဟာ စိုရွှဲတောက်ပနေသော ခရမ်းစွဲကျောက်ကလေးဆီမှာ တွယ်ငြိလျက်ပင်...။

နန်းစံတို့ဟာဘာစကားမှမဆက်နိုင်ဘဲ ငြိမ်သက်တိတ်ဆိတ်နေတော့သည်။

"ဟိုးရှေးရှေးတုန်းကပုဂံပြည်ကမင်းတစ်ပါးမှာ ရဲစွမ်းသတ္တိနဲ့ပြည့်ဝတဲ့ မိဖုရားတစ်ပါးရှိခဲ့တယ်၊ အဲ့ဒီမိဖုရားရဲ့ထူးခြားတဲ့ဝါသနာကြောင့် နန်းတော်ကလူတိုင်းက နှာခေါင်းရှုံ့ကြသတဲ့၊ အဲ့ဒါဘာလဲဆိုတော့ တိုက်ရေးခိုက်ရေး ဓားရေးဘက်မှာဝါသနာထုံတာမို့ တစ်ခြားမိဖုရားတွေနဲ့မတူဘဲ ထူးခြားနေတာပေါ့...။

တစ်နေ့မှာနန်းတော်ကို သူပုန်တွေကျူးကျော်လာတော့ မိဖုရားဟာလည်း တစ်ခြားသူတွေလိုရှောင်မပြေးဘဲ ဘုရင်ကိုကာကွယ်ဖို့ အစွမ်းကုန်ကြိုးစားတာပေါ့၊ အဲ့တာကိုမနာလိုရှု့စိမ့်သူတွေက မိဖုရားတစ်ပါးကာကွယ်ခြင်းကိုခံရတဲ့ ဘုရင်ဟာသမိုင်းမှာအကျည်းတန်လှကြောင်း သွေးထိုးစကားပြောကြတာမို့ ဘုရင်မင်းမြတ်ဟာလည်း မာနနဲ့ဂုဏ်အတွက် မိဖုရားကိုနန်းချပြီးကျေးရွာငယ်လေးတစ်ခုကို စေလွှတ်လိုက်သတဲ့၊

မသွားခင်မှာဘုရင်မင်းမြတ်က ရင်ဘတ်မှာထိုးထားတဲ့ အဆင်တန်ဆာကိုဖြုတ်ပြီး မိဖုရားကိုပေးလိုက်တယ်၊ နောက်ဆုံးနှုတ်ဆက်လက်ဆောင်အနေနဲ့ပေါ့လေ...၊

ဖြစ်ချင်တော့မိဖုရားမှာကိုယ်လေးလက်ဝန်ရှိနေခဲ့ပေမယ့် သူကဘုရင်မင်းမြတ်ရဲ့ ဂုဏ်သိက္ခာအတွက် နန်းတော်ကိုမပြန်တော့ဘဲ ကျေးရွာငယ်လေးမှာဘဲ သမီးလေးတစ်ယောက်ကို မွေးဖွားခဲ့တယ်တဲ့...။

Runaway my Aurora:Where stories live. Discover now