"မိုးပျံပူဖောင်းကြီးပေါ်ကမြင်ကွင်းက အရမ်းလှတာဘဲနော်"
"ဟုတ်တယ်၊ နေမင်းကြီးထွက်လာတာကိုက အရမ်းကိုရိုမန်တစ်ဆန်တာ..."
"နေပါအုံး၊ အရမ်းကိုရိုမန်တစ်ဆန်ရအောင် နေမင်းကနင့်ကိုဘာပြောသွားလို့လဲ...."
နန်းစံဘေးမှာထိုင်ကာ စကားတွေဖောင်ဖွဲ့နေကြသော ကောင်မလေးနှစ်ယောက်က ပြောရင်းဆိုရင်းရန်စလာသဖြင့် နန်းစံလည်းရယ်လိုက်မိသည်။ နန်းစံတို့ထိုင်နေတဲ့အပြင်ဘက်စားပွဲဝိုင်းကနေပြီးတော့ အထဲမှာကလေးတွေကို စိတ်ရှည်လက်ရှည်စာပြပေးနေတဲ့ ကိုမင်းမောင်ကိုလှမ်းမြင်ရသဖြင့် တစ်ချက်ကြည့်လိုက်မိသည်။
အညိုရောင်ဘက်သမ်းသော်လည်း အနီရောင်ပေါက်သောသူ့ရဲ့ဆံပင်တွေကို အပြောင်သိမ်းထားပြီး ပုဂံဘုရားတွေမှာေရောင်းတတ်သည့် ချည်သားအင်္ကျီအစိမ်းပုတ်ရောင်လေးကို ရှော့ပဲန်နှင့်တွဲဝတ်ထားသဖြင့် လူငယ်တစ်ယောက်လိုလွတ်လပ်ပေါ့ပါးနေသည်။ သူ့ဘေးနားကနိုင်ငံခြားသူတစ်ယောက်က ကလေးတွေနဲ့စကားပြောလေ့ကျင့်ကာနေပြီး သူကတော့စာအုပ်လေးကိုကိုင်ကာ မြန်မာလိုသေချာရှင်းပြနေသည်။
ထိုစဉ်သူ့မျက်လုံးတွေကနန်းစံဆီရောက်လာကာ လှမ်းပြုံးပြလိုက်သဖြင့် နန်းစံလည်းသူခိုးလူမိသလို ချက်ချင်းဘဲအကြည့်လွှဲလိုက်ရသည်။
"မမနန်းစံရောစီးဖူးလား...."
"ဟင်.....ဘာာကိုလဲ...."
"မိုးပျံပူဖောင်းလေ...."
"အော်...စီးဖူးတယ်၊ သိပ်မကြာသေးဘူး၊"
"ဟုတ်လား၊ အဲ့တာကြောင့်ဒီနေ့မနက် အောက်ကနေဘဲရပ်ကြည့်နေခဲ့တာကိုး..."
ကလျာကခေါင်းတညိတ်ညိတ်နှင့် စားပွဲပေါ်တင်ထားသော ပဲခြမ်းကြော်လေးကိုနှိုက်စားလိုက်ပြန်သည်။
သက်မွန်ကတော့ဒီတင်ရပ်မသွားဘဲ မေးခွန်းဆက်ထုတ်လေသည်။
"အစ်ကိုမင်းမောင်လည်းလိုက်မစီးဘူးနော်....၊ "
"ဟုတ်တယ်လေ....၊ ကိုစိုးမိုးနိုင်ပြောတယ်လေ၊ ရောက်ပြီးနောက်တစ်ရက် မိုးပျံပူဖောင်းပေါ်မှာဒိတ်သွားလုပ်တာဆိုဘဲ..."
YOU ARE READING
Runaway my Aurora:
Romanceချစ်ခြင်းမေတ္တာဆီကနေထွက်ပြေးရမှာမဟုတ်ပါဘူး၊ အတိတ်တွေဆီကနေ ထွက်ပြေးဖို့လိုတာပါကွယ်...၊ Aurora အလင်းတန်းတွေဟာ တောက်ပဖို့အတွက် လောင်ကျွမ်းစရာမှမလိုတာ...။ အကယ်၍နှစ်သန်းပေါင်းတစ်ထောင်မှာ တစ်ခါ လိုအပ်တယ်ဆိုရင်တောင် လောင်ကျွမ်းခံမယ့်သူဟာ ကိုယ်ဘဲဖြစ်လိုက်မယ...