Part 19(Unicode)

128 15 1
                                    

ဘဝထဲမှာအ‌ ရေးပါတဲ့လူတွေ ဘယ်နှယောက်တောင် ထွက်သွားကြအုံးမှာပါလဲ...၊

လူကောင်းတွေကိုဘဲအဝေးကို ခေါ်ထုတ်သွားကြတဲ့ ကံကြမ္မာဆိုတာဟာ ရက်စက်ကြမ်းတမ်းလှတဲ့ မုန်တိုင်းကြီးတစ်ခုလိုပါဘဲလား...၊

စန္ဒာဝေဆိုတဲ့အမျိုးသမီးလေးကတော့ သူချစ်ရတဲ့အညာဒေသလေးကိုစွန့်ခွာပြီး မြို့ပြဆီသို့ခရီးဆန့်သွားလေပြီ...။

သူချစ်ရတဲ့ဤဒေသလေးမှာတော့ ဇာတ်သိမ်းမကောင်းတဲ့ အချစ်ဇာတ်လမ်းလေးကို လူတွေဟာစုတ်တသတ်သတ်နှင့် ပြောကျန်ခဲ့ပါသည်။

ဒေါ်မြင့်ဆွေရဲ့ကျေးဇူးကြောင့် မမဝေတို့ရဲ့အတွင်းရေးကိစ္စဟာ ပုဂံတစ်မြို့လုံးနီးနီးပျံ့နှံ့သွားခဲ့ရပြီဖြစ်သည်။ စျေးမှာဘဲဖြစ်ဖြစ် လမ်းမှာဘဲဖြစ်ဖြစ် လူနှစ်ယောက်ဆုံတာနဲ့ပြောကြတဲ့စကားတွေဟာ မမဝေတို့အကြောင်း...။

ရွာထဲမှာသာမကဘူး၊ နန်းစံတို့တစ်ကျောင်းလုံးလည်း ထိပ်ထားဆွေရဲ့ကျေးဇူးကြောင့် အကုန်သိကုန်ကြပါပြီ...။ တချို့ကလည်းမမဝေဟာ မိဘတွေကိုစော်ကားလို့ ဝဋ်လည်တာပါတဲ့၊ တချို့ကျတော့လည်းသူတို့သမီးတွေကို မမဝေကိုနမူနာပြပြီးဆုံးမရှာပါတယ်...သမီး...တွေ့လား.. မိဘရင်ကိုစုန်ကန်ပြီး စုံလုံးကန်းမိရင်ဒီလိုဖြစ်တတ်တယ်တဲ့...၊ အများစုကတော့ မမဝေဟာကလေးမမွေးနိုင်လို့ ယောက်ျားကသစ္စာဖောက်တာခံရတာပါတဲ့....။

ဒီစကားတွေကြားတိုင်း နန်းစံတစ်ကိုယ်လုံးတဆတ်ဆတ်တုန်ကာ ပြန်အော်ကာရန်တွေ့လိုက်ချင်သော်လည်း စိတ်ကိုထိန်းထားခဲ့ပါသည်။ မမဝေသာဆိုရင် စိတ်ခံစားမှုအတိုင်းမတုံ့ပြန်လောက်ဘူးလေ....၊

သွယ်နန်းစံရဲ့စိတ်ထဲမှာတော့ ဦးရဲဇော်ဟာမကောင်းတဲ့ယောက်ျား လုံးလုံးဖြစ်ခဲ့ပြီ...၊ ဖွားခင်စံကလည်းသူတို့မိသားစုကို အိမ်ပေါ်ခေါ်မထားသလို နန်းစံကလည်းလုံးဝစကားမပြောတော့ပါ...။

နန်းစံငယ်ငယ်ကတည်းက အရင်းနှီးဆုံးဖြစ်လာခဲ့တဲ့ ယောက်ျားတစ်ယောက်ဟာ အခုတော့ဘဝထဲကနေ ထုတ်ပစ်လိုက်ခဲ့ပြီ။ မမဝေကသာခွင့်လွှတ်နိုင်ပေမယ့် နန်းစံကတော့မမဝေကို နာကျင်စေခဲ့တဲ့လူကို ခွင့်မလွှတ်နိုင်ပါ...။

Runaway my Aurora:Where stories live. Discover now