Part 36(Unicode)

153 15 1
                                    

စန္ဒာဝေသည်လောကဓံလှိုင်းလုံးတွေကြား ကြံ့ကြံ့ခံရင်ဆိုင်ရင်း ရင့်ကျက်သန်မာသော အမျိုးသမီးတစ်ယောက်အနေနဲ့ လွမ်းဆွေးဖွယ်၊ နာကျည်းဖွယ် ခံစားချက်အဖုံဖုံတို့ဖြစ်တည်ရာ ပုဂံပြည်သို့ပြန်လည်ရောက်ရှိလာခဲ့ပါသည်။

မိဘတွေရင်ကိုစုံကန်ကာ ရူးမိုက်ခဲ့တဲ့သမီးတစ်ယောက်အနေနဲ့ ငွေကြေးထောက်ပံ့ရုံကလွဲလို့ တာဝန်မကျေနိုင်ခဲ့တာကိုတွေးမိလေတော့ အပြစ်မကင်းသလိုခံစားရသည်။ အပြစ်သားတစ်ယောက်အနေနဲ့ မိဘတွေရှေ့မျက်နှာမပြခဲ့တာ အတော်ကြာခဲ့ပြီ...၊

ပုဂံမြေဟာဟိုအရင်တုန်းကလို နွေးထွေးစွာကြိုဆိုဆဲဆိုပေမယ့် ပြန်လည်ရောက်ရှိလာတဲ့ အမျိုးသမီးတစ်ယောက်ကတော့ ဟိုအရင်လိုမဟုတ်တော့ပါဘူး...၊

ကောင်းကင်တွင်အဆုပ်လိုက်အဆုပ်လိုက်လွင့်နေသော တိမ်ဖြူများကို စိတ်လိုလက်ရရပ်ငေးကာ မွေးရပ်မြေကိုလွမ်းဆွေးမှုကို ဖျောက်ပစ်လိုက်ချင်တာမို့ ကားကိုအရိပ်ရပင်တစ်ပင်အောက်မှာရပ်ထားပြီး ဆင်းလာခဲ့တော့သည်။

ကန္တာရပင်တွေ၊ လက်ပံပင်ကြီးတွေ၊ ထနောင်းပင်တွေကြား ထိုးထွက်နေသည့် ကမ္ဘာအမွေအနှစ်စာရင်းဝင် နှစ်ပေါင်းထောင်ချီသက်တမ်းရှိတဲ့ ဘုရားစေတီငယ်လေးတွေ...၊ ပုဂံကိုအခြေတည်ကာ ဖြစ်တည်နေရတဲ့ ဘဝလေးတွေ...၊ ရုပ်သေးရုပ်လေးတွေကိုလှပစွာချိတ်ဆွဲပြီး ပုသိမ်ထီးလေးတွေကို စီစီရီရီချကာ လူတကာအာရုံစိုက်လာအောင် ဆွဲဆောင်နိုင်လောက်တဲ့ အတွေးအကြံဉာဏ်တွေကို ချီးကျူးလိုက်မိပါသေးသည်။

ကျေးငှက်ကလေးတွေ အသံပေါင်းစုံမြည်နေသံက လှုပ်ခါနေတဲ့နှလုံးသားလေးကို ထိုးဆွနေသလိုပါဘဲ။

အော်.......ဒီလောက်လှတဲ့မြေကို စွန့်ခွာခဲ့ရလောက်တဲ့အထိ နာကျည်းမှုထုထည်တွေကြီးမားခဲ့ရသလား...။

အပင်အောက်ကသစ်သားခုံလေးမှာ တိတ်တဆိတ်ထိုင်ရင်း ဘုရားရင်ပြင်ရှေ့ကဆိုင်တန်းလေးတွေမှာ စျေးရောင်းနေကြတဲ့အမျိုးသမီးငယ်လေးတွေနဲ့ ဘုရားသမိုင်းရှင်းပြပါမယ်ဆိုပြီး သိတတ်ထားသမျှကို အသံဆာဆာနဲ့ပြန်လည်ဝေမျှနေတဲ့ကလေးငယ်တွေကို ငေးကြည့်နေမိသည်။

Runaway my Aurora:Where stories live. Discover now