Part 24(Unicode)

152 17 0
                                    

ခါးသက်သက်ခံစားမှုကြီးက ရင်ဘတ်ထဲကအပူတွေကို တကယ်ဘဲငြိမ်းစေလို့လား၊ ဘယ်မီးလောင်ပြင်ဟာ ကိုယ့်ခံစားချက်တွေလောက် ပူလိမ့်ပါမလဲ။

ဒီလိုနဲ့အရက်တွေတစ်ခွက်ပြီးတစ်ခွက်...၊

သုတစစ်ပိုင်သည်အသည်းကွဲတာထက်ကိုပို၍ ရင်ဘတ်တစ်ခုလုံးမွကြေလောက်သည့် အမှန်တရားတစ်ခုကိုရင်မှာပိုက်ကာ ငြိမ်သက်နေမိတော့သည်။

"အရမ်းအားနည်းနေလို့မေ့လဲသွားတာပါ၊ ကိုယ်ဝန်နှစ်လရှိနေပြီမို့ သွေးနုသားနုမို့ ဒီအချိန်ကအရမ်းဂရုစိုက်ရပါတယ်...၊ အာဟာရရှိတာတွေများများစားပေးရင် သက်သာလာမှာပါ"

ဒီစကားကိုပထမဆုံးကြားလိုက်ရတဲ့အချိန် ကိုယ့်နားကိုယ်မယုံနိုင်သဖြင့် ဆရာဝန်ကြီးကိုထပ်ခါထပ်ခါပြန်မေးခဲ့ရသည်။ နောက်တော့လည်းအမှန်တရားဟာ ပြောင်းလဲလို့မရတာကြောင့် ဘာစကားကိုမှဆက်မပြောနိုင်တော့ဘဲ အရုပ်ကြိုးပြတ်မှင်သက်နေခဲ့ရသည်။ ကိုယ်အတန်တန်တားခဲ့ရဲ့သားနဲ့ကွယ်....၊ အဲ့လူကဘယ်လိုလူလဲဆိုတာ ကိုယ်မင်းကိုသတိပေးခဲ့ရဲ့သားနဲ့....။

ရင်ဘတ်ထဲကပူလောင်မှုတွေဟာ လည်မျိုဝဆီဆို့နစ်လာတာမို့ အသားတွေတဆတ်ဆတ်တုန်လောက်အောင် ခါးသီးလျက်ရှိသော်လည်း ပူဆွေးနေရုံကလွဲပြီး ကိုယ်ဘာတတ်နိုင်မှာမို့လဲ....။

အဲ့ဒီနောက်ဘေးနားမှာလူတစ်ယောက်ဝင်ထိုင်သဖြင့် ဖျတ်ခနဲတစ်ချက်လှည့်ကြည့်လိုက်တော့ သွယ်နန်းစံဖြစ်နေပါရာ....။

စားသောက်ဆိုင်ကြီးမှာတော့ နေ့လယ်နေ့ခင်းမို့ လူသူကင်းရှင်း၍နေပါသည်။

"နင်ဘာတွေလုပ်နေတာလဲ..."

သုတရှေ့ကအရက်ပုလင်းတွေဖန်ခွက်တွေကို ခပ်ဝေးဝေးတွန်းဖယ်ရင်းမေးလိုက်သည်။

"ငါလည်းမသိဘူး....."

"အဲ့ဒီသာထက်မောင်ဆိုတဲ့သူမှာ မိန်းမနဲ့ကလေးတစ်ယောက်ရှိတယ်သုတ....၊

သူကဆုဝေကိုအခုချိန်ထိလိမ်ထားတာဘဲ....၊ ငါတို့သူ့အိမ်ကိုလိုက်သွားခဲ့ကြတုန်းက ငါတို့မျက်လုံးနဲ့တပ်အပ်မြင်ခဲ့ရတာ....။ ဆုဝေကဘယ်လောက်တောင် ပျော့လိုက်သလဲဆိုရင် ဝုန်းဒိုင်းကြဲရန်ဖြစ်ရမယ့်အချိန်မှာ အိမ်မှားသွားလို့ပါဆိုပြီး လှည့်ပြန်လာခဲ့တာ....။

Runaway my Aurora:Where stories live. Discover now