Part 45(Unicode)

232 18 0
                                    

အတော်အတန်ကျယ်ဝန်းလှသောအခန်းကြီးတွင် လူပေါင်းများစွာတို့သည် အသက်ရှူဖို့မေ့လျော့သည်အထိ အာရုံစူးစိုက်နေကြသည်။ အရှေ့ကခုံအမြင့်မှာတော့ ဝတ်ရုံအနက်နှင့်တရားသူကြီးမင်းဟာ စီရင်ချက်ချဖို့သက်သေတွေစစ်ဆေးလျက်...။ ဘယ်ဘက်ညာဘက်မှာတော့ တရားလိုနှင့်တရားခံတို့ရဲ့ရှေ့နေ့များဟာ စာရွက်ကိုယ်စီနှင့်အလုပ်ရှုပ်လျက်ပင်၊ ဦးခေါင်းမှာပတ်တီးတစ်ခုနှင့် ဆေးရုံပေါ်ကဆင်းလာတာ မကြာသေးသော ဦးနေဇော်ဟာအခုတော့ တရားရုံးထဲတွင် ပြောင်းလဲနေရာယူနေရပြီ...။

အိမ်တွင်းအကြမ်းဖက်မှု၊ အဓမ္မပြုကျင့်ရန်ကြံရွယ်မှု...၊ ဂုဏ်သရေရှိလူကြီးသူကြီးတစ်ယောက်အနေနဲ့ ရှင်သန်လာခဲ့ပြီးမှ ရှက်ရွံ့ရွံရှာဖွယ်အမှုများနှင့် တရားစွဲစိုခံထားရသော ဦးနေဇော်ကိုမီဒီယာတစ်ခွင်က စောင့်ကြည့်လျက်ရှိသည်။ ဦးနေဇော်၏ရှေ့နေကတော့ နန်းစံတို့တင်ပြသမျှ အချက်အလက်တိုင်းကို ငြင်းပယ်ကာ အမှုနိုင်ရန်ကြိုးစားအားထုတ်လျက်....။

သွယ်နန်းစံသည်သစ်သားခုံတန်းလေးမှာထိုင်ရင်း ခေါင်းမူးချင်သလိုဖြစ်လာသော်လည်း သည်းခံကာစောင့်စားနေရသည်။ နန်းစံဘေးမှာတော့မင်းမောင်ဟာ ရေဘူးအသင့်ကိုင်ကာ အရိပ်တကြည့်ကြည့်ရှိနေပေးသည်။ သုတကတော့ဘေးတစ်ဖက်ကခုံမှာထိုင်ကာ အခြေအနေကိုစောင့်ကြည့်နေသော်လည်း ဆုဝေကိုတော့အရိပ်အယောင်ပင်မမြင်မိ...။

လူရှေ့သူရှေ့မှာမျက်နှာငယ်လေးနှင့်ထိုင်နေသော ပုံ့ပုံ့နှင့်မျက်လုံးချင်းဆုံမိလေတော့ နွမ်းလျနေသောကိုယ့်စိတ်ကိုယ်လိမ်ညာကာ အဆင်ပြေသွားမှာပါဟု မရေမရာအားပေးဖြစ်သည်။

မမဝေနှင့်ကိုစိုးမိုးဟာလည်း ဒီအမှုဟာအခြေအနေမဟန်မှန်းသိနေကြသဖြင့် မျက်နှာပျက်စပြုနေပြီ...။

နန်းစံတို့ဘက်ကသက်သေများဟာလည်း တရားခံရှေ့နေ့၏ငြင်းဆိုမှုအောက်တွင် လိမ်လည်မှုများသာဖြစ်ခဲ့ရသည်။

ဦးနေဇော်ရဲ့မျက်နှာဟာ တဖြည်းဖြည်းမော့လာပြီး မထေပြုံးပြုံးကာပြန်ထလာနိုင်သည်။

"တင်ပြစရာသက်သေကျန်ပါသေးသလား..."

တရားသူကြီးမင်းရဲ့အမေးကိုပြန်ဖြေဖို့ နန်းစံတို့ဘက်ကရှေ့နေဟာ နန်းစံကိုမျှော်လင့်ချက်ဖြင့်လှမ်းကြည့်သည်။

Runaway my Aurora:Where stories live. Discover now