Part 1 (Unicode)

1.1K 38 0
                                    


September; Iceland.

တဖြည်းဖြည်းနှင့်ညအမှောင်ဘက်ကို ကူးပြောင်းလာလေသည်။ နက်မှောင်နေသောကောင်းကင်သည် ဟိုတစ်စဒီတစ်စ တမှိတ်မှိတ်တောက်ပနေသော ကြယ်ကလေးများကိုအဖော်ပြု၍ ကြည်လင်စွာတည်ရှိနေသည်။

ပြတင်းပေါက်မှန်ကိုဖွင့်ကာ အပြင်ဘက်အခြေအနေကိုအကဲခတ်ကြည့်လိုက်တော့ အနည်းငယ်အားတက်သွားသည်။

ဒီနေ့တော့မြင်နိုင်ကောင်းပါရဲ့...။ ချက်ချင်းဆိုသလို အေးစက်ကြမ်းတမ်းသော လေပြင်းကမျက်နှာကို ဖြတ်တိုက်လိုက်တာမို့ တစ်ကိုယ်လုံးသိမ့်ခနဲတုန်သွားပြီး မျက်စိစုံမှိတ်ကာပြတင်းပေါက်မှန်ကိုပြန်ပိတ်လိုက်ရသည်။ ဟိုတယ်ခန်းထဲမှာအပူပေးစက်ဖွင့်ထားသဖြင့် ခံသာသော်လည်း အပြင်ဘက်အပူချိန်ကတော့ -1'C မို့ရေခဲလောက်သည်အထိ အေး၍နေပေသည်။ အပြင်ဘက်မြင်ကွင်းသည် နှင်းထုများရေခဲများဖြင့် ပိတ်၍မနေသော်လည်း ရေခဲတမျှအေးးစက်သောလေပြင်းများကြောင့် အနွေးထည်ထူထူမပါဘဲ အပြင်ကိုခြေလှမ်း၍ပင် မရနိုင်ပေ...။

ကျွန်တော်ဒီကိုရောက်နေခဲ့တာ လေးရက်ခန့်ရှိခဲ့ပြီ၊ ဒါပေမဲ့အခုထိသူ့ကိုမမြင်ရသေး....။ ဒီနေ့ကကျွန်တော်အိုက်စ်လန်မှာရှိနေမယ့် နောက်ဆုံးနေ့...၊ ဒီထက်ပိုပြီးဆက်နေရင်းစောင့်ဆိုင်းချင်ပေမယ့် အဓိပ္ပာယ်မရှိသလိုခံစားလာရသည့်အတွက် ဒီနေ့ညမှမမြင်ရရင် ကျွန်တော်ပြန်ဖို့ဆုံးဖြတ်ပြီးသား....။ ကျွန်တော့်အတွက်အချိန်ဆိုတာအရေးပါသကိုး....၊ လေးရက်အတွင်းအိုက်စ်လန်တစ်နိုင်ငံလုံး နှံ့နေအောင်လည်ပတ်ခဲ့ပြီးပြီ....၊ ဘယ်နေရာကိုခြေလှမ်းလှမ်း စျေးကြီးနေတဲ့နိုင်ငံမှာကျွန်တော့်ပိုက်ဆံတွေလည်း ကုန်သင့်သလောက်ကုန်ခဲ့ပြီးပြီ။ အိုက်စ်လန်ဆိုသည်မှာ The land of fire and ice ဆိုပြီးတင်စားခေါ်ဝေါ်ရလောက်သည်အထိ နေရာအနှံ့မှာမီးတောင်တွေရှိပြီး ရေခဲမှတ်အောက်အထိအေးတဲ့အချိန် တစ်နိုင်ငံလုံးနှင်းတွေဖုံးတဲ့နိုင်ငံ....၊ ရာသီဥတုအရမ်းကြမ်းပြီး အပြောင်းအလဲရမ်းမြန်တဲ့နိုင်ငံ...၊

ကမ္ဘာကြီးပူနွေးလာတယ်ဆိုတာနောက်ပြောင်ပြောနေတာမဟုတ်၊ အမှန်တကယ်ရာသီဥတုပြောင်းလဲမှုတွေဖြစ်နေသည်ကို ကျွန်တော်တို့ scientist တွေကလွဲရင် ဘယ်သူမှအရေးတယူမပြုကြပါ...။ ထို့ကြောင့်ပင်အိုက်စ်လန်နိုင်ငံရဲ့ ရာသီကုန်ဆုံးချိန် စက်တင်ဘာလအနှောင်းပိုင်းမှာပုံမှန် 7'C ခန့်ရှိရမည့်အပူချိန်သည် ရေခဲမှတ်အောက်ရောက်နေရသည်။

Runaway my Aurora:Where stories live. Discover now