Part 26(Unicode)

174 15 1
                                    

ပစ္စုပ္ပန်၊ အောက်တိုဘာလ၊ ရန်ကုန်မြို့...

"လိပ်ပြာလေးတွေကူးသလိုမျိုးလေ....၊ လက်ကလေးကိုရေပေါ်မှာ အသာလေးမြှောက်ပြီး ခန္ဓာကိုယ်အပေါ်ရောက်နေတဲ့အချိန် ပါးစပ်ကနေအသက်လေးရှူပြီး ရေထဲပြန်ရောက်သွားရင် နှုတ်ခေါင်းကနေပြန်မှုတ်ထုတ်နော်...."

နန်းစံကခြောက်နှစ်အရွယ်နှင့် ဆယ်နှစ်အရွယ်ကောင်လေးနှစ်ယောက်ကို လိပ်ပြာကူးနည်းပုံစံပြကာ ရေကူးသင်ပေးလျက်ရှိသည်။ ကလေးလေးနှစ်ယောက်ကတော့ နန်းစံပြောသမျှကိုစိတ်ဝင်တစားနားထောင်ကာ မျက်လုံးဝိုင်းဝိုင်းလေးတွေနှင့်ကြည့်၍နေသည်။ ကလေးတွေအတွက်တော့ အဆင့်မြင့်ရေကူးနည်းမှာပါတဲ့ လိပ်ပြာကူးနည်းတို့၊ ဖားကူးတို့ကအနည်းငယ် ခက်ကောင်းခက်နိုင်ပါသည်။ သူတို့ရဲ့မိခင်တွေကတော့ ရေကန်ဘေးကအမိုးလေးအောက်မှာ အအေးတစ်ခွက်နှင့်အပန်းဖြေကာ အကဲခတ်၍နေပါသည်။

"dolphin kick သိတယ်နော်၊ ခြေထောက်ကလေးတွေကို ‌ရေသူမလေးတွေအမြီးလေးခတ်သလို တွန့်တွန့်ပြီးသွားတာလေ..."

"ဟုတ်....သိပါတယ်၊"

ကလေးနှစ်ယောက်ရဲ့ စိတ်အားတက်ကြွဖွယ်အသံက ကွန်ဒိုရှေ့ကရေကူးကန်ပတ်ဝန်းကျင်မှာ ပဲ့တင်ထပ်၍ပျံ့နှံ့သွားသည်။ သင်တန်းချိန်တစ်နာရီခွဲပြီးတဲ့အခါမှာတော့ နန်းစံလည်းရေထဲကိုဒိုင်ဗင်ထိုးချကာ အဆုံးတစ်ဖက်ထိကူးခတ်သွားပြီး ရေပြင်ပေါ်မှာကိုယ်ဖော့က ပက်လက်ကလေးအနားယူနေမိသည်။

ခန္ဓာကိုယ်မှာကပ်လျက်ရှိသည့် နက်ပြာရောင်ရေကူးဝတ်စုံလေးဟာ ဖွေးနုနေသောအသားအရေကို နေမလောင်အောင် ကာကွယ်၍ပေးထားသည်။ ပြာလဲ့စွာကြည်လင်လျက်ရှိသောရေပြင်ကတော့ နန်းစံရဲ့ခန္ဓာကိုယ်ကို ရေပေါ်ပေါ်အောင် ပင့်တင်၍ထားသည်။ ခေါင်းတွင်စွပ်ထားသည့် silicon cap လေးကိုချွတ်လိုက်တော့ ပေါ့ပါးသွားသလိုခံစားရကာ ဆံချည်မျှင်များသည် ရေမျက်နှာပြင်ပေါ်ပြန့်ကျဲသွားသည်။

သိပ်ကိုလှပလိုက်တဲ့ကောင်းကင်ကြီးပါလား...၊

အသက်ကိုမှန်မှန်ရှူလျက် ရေပေါ်မှာပေါလောပေါ်ကာ ကောင်းကင်ပြာနှင့်မျက်နှာချင်းဆိုင်ရင်း တွေးလိုက်မိသည်။

Runaway my Aurora:Where stories live. Discover now