Part 25(Unicode)

166 18 1
                                    

မိန်းမသားတွေကဒီလိုဘဲ နားလည်ခွင့်လွှတ်တတ်ကြပါသလား...၊ ဘာကြောင့်များကိုယ့်ကိုနာကျင်စေတဲ့၊ ပျက်စီးစေတဲ့ယောက်ျားတွေကို လွယ်လွယ်နဲ့ခွင့်လွှတ်နိုင်ခဲ့ကြလဲ...၊ တကယ်တော့ကိုယ်ခံစားရသလို သူပြန်ခံစားရလောက်အောင် လက်တုံ့ပြန်သင့်သည်မဟုတ်ပါလား...။

ဘယ်လိုဘဲပြောပြော...သွယ်နန်းစံကတော့ ခွင့်လွှတ်အနစ်နာခံတတ်တဲ့သူမျိုးတော့မဟုတ်...၊ နန်းစံရဲ့ဘဝတစ်လျှောက်လုံးမှာ ဘယ်လိုမှခွင့်မလွှတ်နိုင်တဲ့ ယောက်ျားပေါင်းများစွာရှိသည်။ တစ်ချိန်မှာလက်တုံ့ပြန်နိုင်ဖို့ ခဏတာငြိမ်သက်နေခဲ့ရုံလေး....၊

ဒါပေမဲ့လေ....တချို့သောအမျိုးသမီးတွေက နားမလည်နိုင်လောက်အောင် နူးညံ့တတ်ကြသည်။

နန်းစံတစ်ဘဝလုံးမှာအယုံကြည်ရဆုံး၊ အားအထားရဆုံးအမျိုးသမီးတစ်ဦးဖြစ်တဲ့မမဝေဟာ သူ့ကိုသစ္စာဖောက်ပြီး တစ်ခြားမိန်းမတစ်ယောက်ကို အိမ်ပေါ်ခေါ်လာတဲ့ယောက်ျားကို နားလည်ပေးခဲ့သည်။ နန်းစံရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်သူ ဆုဝေသွန်းဟာလည်း အခုမှစတင်လျှောက်လှမ်းခါစလေးရှိသေးတဲ့ သူမရဲ့ဘဝကိုညစ်နွမ်းစေခဲ့တဲ့ ယောက်ျားတစ်ယောက်ကို ခွင့်လွှတ်ခဲ့သည်။ နန်းစံရဲ့မိခင်ဟာလည်း နိုင်ထက်စီးနင်းနှိပ်စက်တတ်တဲ့ထိုယောက်ျားကို နှစ်ပေါင်းများစွာသည်းခံထားနိုင်ခဲ့သည်။

ရင်ဘတ်ထဲမှာတော့ အဖြေမရှာနိုင်တဲ့မေးခွန်းတွေအများကြီးဆိုပေမယ့် ထုတ်ဖော်မေးမြန်းဖို့ကိုတော့ တွန့်ဆုတ်နေခဲ့သေးသည်။ အကယ်၍သူတို့တွေရဲ့စကားဟာ နန်းစံကိုအရာအားလုံးကိုမေ့ပစ်ပြီး ခွင့်လွှတ်လိုက်ဖို့တိုက်တွန်းနေခဲ့လျှင် ခက်ပါချေရော...။

နန်းစံကတော့ဘယ်အရာကိုမှမမေ့လိုက်ချင်....၊ ကိုယ့်ကိုသန်မာစေခဲ့သည့်အရာသေးသေးလေးတွေကအစ မှတ်မိနေချင်သည်။ ဆက်လက်မုန်းတီးကာ သန်မာချင်လှသည်။

နန်းစံသည်ဆုဝေပြောသမျှကိုနားထောင်ရင်း စိတ်အာရုံတွေဟာ လွင့်သွားလိုက် ပြန်ကပ်လာလိုက်၊ အခုတော့လည်းတစ်ဦးတည်းသော ခြွင်းချက်ဖြစ်တဲ့ယောက်ျားတစ်ယောက်ဟာ ချစ်ရတဲ့သူတစ်ယောက်ရဲ့ဘဝကို ကယ်တင်နိုင်ဖို့ နောက်ဆုံးအချိန်ထိ အစွမ်းကုန်ကြိုးစားနေပါရော...။

Runaway my Aurora:Where stories live. Discover now