လစ်ဆီ limited edition ဖြစ်သော အဖြူရောင် ၀◌တ်စုံ ၀◌တ်လိုက်သည်။ လစ်ဆီ ၀◌တ်စုံက အရှည် အထပ်အထပ်လေးနှင့် ဖြစ်ပြီး နောက်ကျောအပြောင်လေး ဖြစ်သည်။ ဒီလို ၀◌တ်စုံက လစ်ဆီအတွက် မဆန်းတော့.. အရမ်းကြီး ဖော်နေသော ၀◌တ်စုံ မဟုတ်လျှင် လစ်ဆီ ၀◌တ်ရဲသည်။
လစ်ဆီ လမ်းလျောက်လိုက်သောအခါ စကပ်လေးက ပေါ့ပေါ့ပါးပါးနှင့် ၀◌ဲနေသည်။ လစ်ဆီက အထဲဖက်မှာ ဘောင်းဘီ စက လေး ၀◌တ်ထားသောကြောင့် လမ်းလျောက်သွားသောအခါ ပေါ်မှာ သူ မစိုးရိမ်ပေ။
လစ်ဆီရဲ့ ဆံပင်ကို ဆက်ဆီပုံစံလေးဖြစ်အောင် ချည်ထားပြီး နားဆွဲလေးပန်ထားကာ သူဘဲဥပုံမျက်နှာပုံလေးနှင့် အတော်လေးလိုက်ဖက်ကာ စွဲဆောင်မှု အပြည့်ရှိလေသည်။
ထိုအချိန် လစ်ဆီရဲ့ မန်နေဂျာ ဖြစ်သူ အန်နီ က လစ်ဆီ ၀◌တ်ရမည့် လက်၀◌တ်ရတနာများကို ယူလာပေးလေသည်။ လက်၀◌တ်ရတနာ တစုံလုံးရဲ့ ငါးဆယ်မီလီယံ ၀◌န်းကျင် တန်ဖိုးရှိလေသည်။
သတိထားနော်... ဒီလက်၀◌တ်ရတနာတွေက မနက်ကျရင် ပြန်ပေးရမှာ..
ဟုတ်ကဲ့ပါ.. ကျမ သေသေချာချာလေး ဂရုစိုက်လိုက်ပါ့မယ်..
ဒီ စိန်ပွင့် တပွင့် ထဲတင်ကို နှစ်ဆယ် မီလီယံ တန်ကျေးရှိတယ်.. ဒါက ကမ္ဘာပေါ်မှာ ရှားပါးတဲ့ စိန်ပြာလေ..
လစ်ဆီက စိန်ပွင့်ကြီးကို လက်နှင့် ထိကြည့်လိုက်ပြီး မှန်ထဲက သူ့ပုံရိပ်ကို ကြည့်လိုက်သည်။.. သူ့ပုံစံက တော်တော်လေး ဆွဲဆောင်မှု ရှိနေလေသည်။
လာခဲ့အုံး.. ဒီဖိနပ်တွေက မင်းအတွက် သေချာလေး စီစဉ်ထားပေးတာ.. မင်းက ဒီလို ဖိနပ် အမြင့်ကို ၀◌တ်လေ့သိပ်မရှိပေမဲ့.. ဒီနေ့၀◌တ်စုံက ဒေါက်အမြင့်နဲ့မှ ပိုလိုက်ဖက်လို့ ဒီညတော့ သီးခံလိုက်နော်..
အိုကေပါ..
အလှအပအတွက် လစ်ဆီ ချေးမများနိုင်တော့ပေ။
ငါးနာရီလောက်မှာ ညစာတူတူစားလိုက်ပြီး ထွက်လာကြတော့သည်။ ခြောက်နာရီ လောက်မှာ ရှိုးပွဲသို့ ၀◌င်ရမည်ဖြစ်သည်။
မိုရာရောက်တော့ မာရီယာက ထိုင်ခုံနေရာ လိုက်ပြလိုက်သည်။ လစ်ဆီကတော့ ရှည်လျားသော ကော်ဇောနီ ကနေ လျောက်ပြရအုံးမည်။
YOU ARE READING
CEO AND THE ACTRESS
RomanceLOVE STORY IN SUMMER.. ရဲ့ နောက်ဆက်တွဲ ဇတ်လမ်းလေး တပုဒ်ပါနော်.. သူကြီးသတ်သတ် ဖတ်လို့ လဲ အဆင်ပြေပါတယ်.. ရှိုးပွဲ တခုမှာ ၀တ်ထားတဲ့ ရတနာ တခု ကျသွားပြီး ပြန်လိုက်ရှာနေတဲ့ လစ်ဆီ.. သူရေချိုးနေတဲ့အချိန်မှာ အချိန်ကိုက်ရောက်လာတဲ့ လစ်ဆီကို စိတ်ဆိုးသွားတဲ့ လ...