12

158 12 0
                                        

ဝမ်လီချန် က လစ်ဆီ နှဖူးမှာ သွေးတွေနှင့် ကပ်နေသော တစ်ရှုးကို ခွါပေးလိုက်သည်။ ဒါဏ်ရာက သေးသေးလေး ဆိုပေမဲ့ နဲနဲလေးတော့ နက်လေတော့ သွေးတွေက စိမ့်ထွက်နေတုန်းပင်။  

"ဆေးသေတ္တာ ဘယ်မှာ ထားလဲ.."

"တီဗီ စင် ရဲ့ဘယ်ဖက်ဘေးမှာ ရှိနေတဲ့ အံဆွဲ ထဲမှာ.."

လစ်ဆီ ဖြေပြီး သည်နှင့် လီချန်ကို ဆက်မေးလိုက်သည်။ 

"ဝမ်လီချန်.. ရှင်ကျမအိမ် ဘာလို့ လာလဲ ဆိုတာ မပြောရသေးဘူးလေ.. .. ကျမ ဘယ်မှာနေလဲ ဆိုတာ ရှင့်ကို မပြောဖူးသလိုပဲ.. "

လီချန်က လစ်ဆီ ကို ဂရုမစိုက်ပဲ တီဗီဘေးက စင် သွားပြီး ဆေးသေတ္တာ ရှာလိုက်သည်။ ဆေးသေတ္တာယူပြီး စားပွဲပေါ်တင်လိုက်ကာ ပုလင်းခွံအလွတ်တွေ တွေ့သွားသည်။ လီချန် ရေချိုးခန်းထဲသွားပြီး တဘက်အသေးလေးနှင့် ရေနွေးဆွတ်ပြီး ယူလာခဲ့သည်။ လစ်ဆီ နှဖူးကို တဘက်နှင့် သေချာသုတ်ပေးလိုက်သည်။ သို့ပေမဲ့ လစ်ဆီကတော့ အိပ်ပျော်လို့တောင် သွားလေသည်။ 

လီချန် ဒေါသထွက်သွားပေမဲ့.. လက်တဖက်ကို လစ်ဆီခေါင်းထိန်းလိုက်ပြီး နောက်လက်တဖက်နှင့် သေချာ သုတ်ပေးလိုက်သည်။ အနာကို ဆေးထည့်ပေးပြီး ပလာစတာ ကပ်ပေးလိုက်သည်။  

အင်း.. 

လစ်ဆီ တိုးတိုးလေး ညီးလိုက်သည်။ လစ်ဆီ သေချာလေး အိပ်ပျော်နေတာကို တွေ့တော့ လီချန် သူ့ကို ပွေ့ပြီး အိပ်ခန်းသို့ သွားလိုက်သည်။ အိပ်ရာပေါ်ချလိုက်သည်နှင့် တဖက်ကို လှည့်ပြီး ချက်ချင်း ပြန်အိပ်ပျော်သွားသည်။ 

ဧည့်ခန်းထဲ ပြန်လာတော့ ရှုပ်ပွနေတာကို တွေ့လိုက်ပြီး နှဖူးကျောတွေ ရှုံ့သွားတော့သည်။ လီချန်က တော်တော်လေး အသန့်ကြိုက် သူတယောက်... သူ အသက် ပြင်းပြင်း ရှူလိုက်ပြီး ဒီညတော့ ဒီလို ချန်ထားလို့ မရမှန်း သိလိုက်သည်။ 

သူ သက်တောင့်သက်သာ ရှိစေဖို့ အခန်း မရှင်းလို့ မရ.. လီချန် သူ့ရဲ့ အကျီ လက်ကို ခေါက်တင်လိုက်ပြီး အခန်းကို စရှင်းလိုက်တော့သည်။ 

လစ်ဆီကတော့ အိပ်မက်ထဲမှာ ဇိုး အမတ် နှင့်  chess သွားတော့နေပြီ.. သူ့အခန်းကို SKY GROUP ရဲ့ သူဌေးကြီး က ရှင်းပေးနေတာ လုံးဝ မသိပေ.. 

CEO AND THE ACTRESSWhere stories live. Discover now