43

120 10 1
                                    

"ဒီ အိမ်မှာတော့ မစားရဘူး " အစာအိမ်နာလို့ ဖြူဖျော့နေတဲ့ လစ်ဆီကို မြင်ယောင်သွားရင်း .. လီချန် သူ့ကို စာဖို့ ဘယ်လိုမှ ခွင့်ပြုဖို့ စိတ်ကူးမရှိပေ..

"ကျမ တခါတည်း အများကြီး မစားဘူးလေ.. တနေ့ နဲနဲ စီ ပဲ စားမှာ"

ကလေး တယောက်လို လစ်ဆီ က လက်ချောင်းလေး ထောင်ပြီး အသနားခံ လိုက်သည်။

"ဒီကို ပေးးလိုက်"

လီချန်က ပြောပြီး လက်ဆန့်လိုက်ကာ မုန့်ထုတ်တွေ တောင်းလိုက်လေသည်...လစ်ဆီလဲ မတတ်နိုင်တော့ပဲ.. နှုတ်ခမ်းကိုက်ကာ မုန့်ထုတ်တထုတ်ကို ပေးလိုက်ပေမဲ့.. နောက်တထုတ်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထားလေသည်။

"တထုတ်တော့ ကျမ ယူထားမယ်လေနော်.. အများကြီး မစားဘူးလို့ ကျမ ကတိပေးပါတယ်.."

လီချန် နှခေါင်းရှုံ့လိုက်ပြီး

"နောက်တထုတ်... "

"ရှင် အဲ့လောက်ကြီး မလွန်လို့ မရဘူးလား.. ကျမ တပတ်လုံး မစားခဲ့ရတာလေ.. ကျမ .. အသာပြေအောင် စားပါရစေ"

"ကြိုက်တာ တခု ယူလိုက်.. ပြီးတာနဲ့ ကိုယ် အကုန် ယူပြစ်လိုက်မှာ"

"တခုပဲ ယူရမယ်..ဟုတ်လား.. အားလုံးကို လွင့်ပြစ်မယ်.. ဟင်.. ဒါက ငွေဖြုန်းတာပဲလေ"

"ညသန်းခေါင်ကြီး ဖုန်းဆက်ပြီး ဆေးရုံခေါ်သွားခိုင်းခဲ့တာ မေ့သွားပြီလား.. ဘာလဲ အဲ့လို နောက်တခေါက် ကြုံချင်တာလား"

လီချန် သတိပေးမှုက အသုံးဝင်သွားပုံရသည်.. လစ်ဆီ အိတ်ကို ဖွင့်လိုက်ပြီး အာလူးကြော် တထုတ်.. တုတ်ချိုချဉ် တလုံး ယူလိုက်ပြီး.. အိတ်ကို ကမ်းပေးလိုက်သည်။

"ရှင်.. မပြစ်လိုက်လို့ရမလားဟင်.. အိတ်ကို ရှင်ပဲ သိမ်းထားလေ.. ကျမ စားချင်တဲ့အချိန် နဲနဲ တောင်းစားမယ်လေ နော်.. "

"မရဘူး.. နောက်လဲ မင်းမဝယ်လာရဘူး"

လီချန် မုန့်အိတ်တွေယူပြီး အောက်ဆင်းသွားလေတော့သည်။

"ဟွန့်.. ရှင်နဲ့စကားမပြောချင်တော့ဘူး.."

သူယူထားသည့် အာလူးကြော်နှင့် ချိုချဉ်တလုံးကို ယူကာ အပေါ်ထပ်သို့ တက်သွားလေသည်. လစ်ဆီ နောက်ကျောကို ကြည့်ပြီး လီချန် မျက်မှောင်ကြုတ်သွားသည်.. မုန့်ထုတ်ကြီး နှစ်ခုလုံးကို အမှိုက်ပုံးထဲ ထည့်ခါနီးမှ.. သူအရမ်းကို တင်းကြပ်သွားပြီလား.. တကယ်တော့ သူက ထိန်းသိမ်းပေးရင်.. အဲ့လောက်ကြီး မဆိုးလောက်ပါဘူး.. လီချန် မုန့်အိတ်တွေကို ဘီဒိုထဲ ထည့်သိမ်းလိုက်သည်။ ပြီးတော့ လစ်ဆီ သောက်ရေခွက်ကိုယူပြီး ရေနွေးနွေးထည့်ကာ အပေါ်ထပ်သို့ တက်သွားလေသည်။

CEO AND THE ACTRESSDonde viven las historias. Descúbrelo ahora