လစ်ဆီကို မကောင်းပြောတဲ့ ကောင်မလေးတွေကို ဝမ်လီချန် ခပ်တည်တည် ကြည့်ပေးလိုက်လေသည်။ ဝမ်လီချန် ပုံစံကြောင့် ကောင်မလေးတွေက သူ့ကို တည့်တည့်မကြည့်ရဲပေ..
ခနနေတော့ ကောင်မလေးတွေက စကားပြောရင်း တခြား ခေါင်းစဉ်တွေဆီ ရောက်သွားလေသည်။ ပလတ်စတစ်ဆာဂျရီ အကြောင်းကိုလဲဆက်မပြောတော့..
လစ်ဆီမှာ mask တပ်ထားသောကြောင့် နို့လက်ဖက်ရည် သောက်ဖို့ တော်တော်ခက်ခဲလေသည်။ mask ကို ချွတ်လိုက်ပြန်လျှင်လည်း ဆိုင်ထဲမှာ ရှူပ်ထွေးသွားနိုင်လေသည်။ နာမည်ကြီး မင်းသမီး ဆိုတော့လဲ လုပ်ချင်တိုင်း လုပ်မရ.. လစ်ဆီက နို့လက်ဖက်ရည်ကိုတော့ သောက်ချင်သည်လေ.. ရုတ်တရက် လစ်ဆီ အကြံထွက်လာကာ ဝမ်လီချန်ကို ပြောလိုက်လေသည်။
"နဲနဲလောက် တိုးလာပေးပါလား"
ဝမ်လီချန်ကလဲ လစ်ဆီ စကားအတိုင်း သူ့နားကပ်လိုက်လျှင်.. လစ်ဆီက သူ့ရင်ခွင်ကို နဖူးနှင့် ထောက်လိုက်လေသည်။ ပြီးနောက်.. mask ကို ချွတ် လိုက်ပြီး နို့လက်ဖက်ရည်သောက်လိုက်လေသည်။
ဝမ်လီချန်မှာ လစ်ဆီ ကို ကြည့်ပြီး ရီလဲရီချင်သလို ဒေါသလဲ ထွက်မိသည်.. သို့ပေမဲ့ ဝမ်လီချန် မျက်ဝန်းကတော့ အလိုလိုက်ချင်တဲ့ အရိပ်တွေ အပြည့်..
လစ်ဆီ လီချန်ကို မှီပြီး နို့လက်ဖက်ရည် နဲနဲ သောက်လိုက်ပြီးနောက် mask ကို ပြန်ဆွဲတင်လိုက်ပြီး မတ်မတ်ထိုင်ကာ ဝမ်လီချန်ကို ပြုံးပြလိုက်သည်။ ခပ်ဆိုးဆိုးကောင်မလေးပုံစံနှင့် လစ်ဆီကို ကြည့်ပြီး ဝမ်လီချန် နှလုံးသားခုန်နှုန်းမြန်သွားလေသည်။ တကယ် ဆွဲဆောင်မှုရှိတယ်..
ဝမ်လီချန် မနေနိုင်တော့ပဲ.. လစ်ဆီကို သူ့ရင်ခွင်ထဲ ဆွဲထည့်လိုက်သည်။ သူ့နှုတ်ခမ်းပါးက လစ်ဆီ ခေါင်းပေါ်သို့..
သူတို့နှစ်ယောက် လက်မှတ်ယူဖို့ တန်းစီနေသည့်အချိန် ကောင်လေး နှစ်ယောက်ကလဲ သူတို့နောက် အပြေးလာစီလေသည်။
"ဘာလို့ အဲ့လောက်တောင် လောနေရတာလဲ"
"လစ်ဆီက ငါ့ရင်ဘတ်ထဲက နတ်ဘုရားမ.. ငါက သူ့ရုပ်ရှင် ရုံတင်တိုင်း ကြည့်ချင်လို့ လောနေတာ.. "

YOU ARE READING
CEO AND THE ACTRESS
RomanceLOVE STORY IN SUMMER.. ရဲ့ နောက်ဆက်တွဲ ဇတ်လမ်းလေး တပုဒ်ပါနော်.. သူကြီးသတ်သတ် ဖတ်လို့ လဲ အဆင်ပြေပါတယ်.. ရှိုးပွဲ တခုမှာ ၀တ်ထားတဲ့ ရတနာ တခု ကျသွားပြီး ပြန်လိုက်ရှာနေတဲ့ လစ်ဆီ.. သူရေချိုးနေတဲ့အချိန်မှာ အချိန်ကိုက်ရောက်လာတဲ့ လစ်ဆီကို စိတ်ဆိုးသွားတဲ့ လ...