လစ်ဆီမှာ ညနေခင်း ဝတ်စုံ ဝယ်ဖို့ နဲနဲလေးမှ စိတ်ကူးမရှိ.. ငွေရှိရင်တောင် အဲ့ဒီနေရာအတွက် ငွေမသုံးချင်.. ဝမ်လီချန်ကလဲ လစ်ဆီ မဝယ်ချင်တာ သိလေသည်။ သို့ပေမဲ့.. သူ့အဖော်အဖြစ် အတူသွားမည်ဆိုတော့ လစ်ဆီ ဝတ်စုံက သူ့ဝတ်စုံထက် ညံ့လို့မဖြစ်ပေ.
"စားပြီးရင် ဝတ်စုံသွားကြည့်ရအောင်"
လောလောဆယ် လီချန်မှာ လုပ်စရာ အလုပ်မရှိပေ.. သူကုမ္ပက ပြည်တွင်းမှာကော ပြည်ပမှာပါ ကောင်းကောင်း လည်ပတ်နေသည်။ ဆုံးဖြတ်စရာ ကြီးကြီးမားမား ကိစ္စမှလွဲပြီး သူ ဘာမှ လုပ်စရာမလို.. အရာအားလုံးက အစီစဉ်တကျ ဖြစ်နေပြီ..
"ကောင်းသားပဲ"
လစ်ဆီ အချိုပွဲအားလုံး စားပြီးသည်နှင့် ကြို့ထိုးလေတော့သည်။ လီချန် ကိုချောင်းကြည့်လိုက်တော့ ဘာကြောင့်ရယ်မသိ သူ့က ယောင်ယောင်လေး ပြုံးနေလေသည်။ သူ လစ်ဆီကို မဟားပေမဲ့ လစ်ဆီကိုတော့ ရီချင်ပုံ ရနေလေသည်။
လစ်ဆီက ကိတ်တွေကို ခပ်သွက်သွက်လေး စားခဲ့သောကြောင့် အခုတော့ ကြို့ထိုးလေပြီ..
ဝမ်လီချန်က အရှေ့ကနေ လျှောက်သွားပြီး လစ်ဆီကလဲသူ့နောက်ကနေ တကုပ်ကုပ် လိုက်သွားလေသည်. .. ကြို့ထိုးလို့ ပါးစပ်ကို လက်နှင့် ကာလိုက်ပြီး .. လစ်ဆီ ရှေ့ကလျှောက်နေသည့် လီချန်ကို တိုက်မိသွားသည်။ နောက်ကို ခြေနှစ်လှမ်း မြန်မြန်ဆုတ်လိုက်ပြီး
"တောင်းပန်ပါတယ်"
အနားမှာရှိသော ဆိုင်မှ ဝမ်လီချန် ရေတဘူး ဝယ်လိုက်ပြီး လစ်ဆီကို ကပ်မးပေးလိုက်ကာ
"ရေသောက်လိုက်"
"ကျေးဇူးပဲ"
လစ်ဆီ ရေဘူးကို ဖွင့်ပြီး ဘူးတဝက်လောက်လိုက်ပြီး သူ ဆက်မသောက်နိုင်တော့.. သူ ရေဘူးကို ပြစ်မလို့ လုပ်လိုက်တော့ ဝမ်လီချန်က ချက်ချင်း ဆွဲယူလိုက်ပြီး ဖွင့်ကာ ကျန်နေသော ရေကို သောက်လိုက်ပြီးမှ ရေဘူးကို အမှိုက်ပုံးထဲ ပြစ်လိုက်သည်။
ရေသောက်ပြီးနောက် ကြို့ထိုးတာလဲ ပျောက်သွားသည်.. သို့ပေမဲ့.. ဒီလို ရေဘူး အတူတူသောက်တာတော့ သူ့ရင်ခုန်နှုန်း မြန်လာစေသည်။

BINABASA MO ANG
CEO AND THE ACTRESS
RomanceLOVE STORY IN SUMMER.. ရဲ့ နောက်ဆက်တွဲ ဇတ်လမ်းလေး တပုဒ်ပါနော်.. သူကြီးသတ်သတ် ဖတ်လို့ လဲ အဆင်ပြေပါတယ်.. ရှိုးပွဲ တခုမှာ ၀တ်ထားတဲ့ ရတနာ တခု ကျသွားပြီး ပြန်လိုက်ရှာနေတဲ့ လစ်ဆီ.. သူရေချိုးနေတဲ့အချိန်မှာ အချိန်ကိုက်ရောက်လာတဲ့ လစ်ဆီကို စိတ်ဆိုးသွားတဲ့ လ...