20

158 10 0
                                        

တခြားလူရဲ့ အတွဲ မိန်းကလေးတွေက .. ဝမ်လီချန်က သူတို့လူထက် အဆင့်မြင့်တဲ့သူ ဖြစ်မှန်းခန့်မှန်းမိတော့ သူ့ကို ကွက်ကြည့်ကွက်ကြည့်.. ဝမ်လီချန် အကြည့်တချက်ရဖို့ ... ဖြားယောင်းလေသည်.  သူတို့ အတွက် တွေ မသိအောင်တော့ သူတို့ လုပ်တတ်လေသည်။ 

လစ်ဆီ ဝမ်လီချန်ဘေးမှာ ဝင်ထိုင်လိုက်ပြီးနောက် .. ရှင်းလဲ့ဟန် က သူ့သူငယ်ချင်းတွေနှင့် မိတ်မဆက်ပေး.. ထိုအချိန် ရွှေရောင်ဝတ်စုံ ဝတ်ထားသော သူ နှင့် ကိုယ်ရံတော် အချို့လဲ အခန်းထဲ ဝင်လာလေသည်. .. လစ်ဆီ စိတ်တွေ တင်းကြပ်သွားသည်.. လစ်ဆီ က လောင်းကစားကို မကြိုက်ပေမဲ့ လောင်းကစားကတော့ အားလုံးကို စိတ်လှုပ်ရှားစေသည်.. လစ်ဆီ ကတော့ ဝမ်လီချန်အတွက် တော်တော်လေး စိတ်ပူနေပြီ.. ဒီတိုင်း အပျော်တမ်း ဆော့လို့ရတာကို ဘာလို့ ငွေလောင်းချင်ရတာလဲ.. 

ဒိုင်က လင်ဗန်းတခုထုတ်လာပြီး လောင်းကစားပစ္စည်းတွေ တင်လိုက်လေသည်။ လစ်ဆီ သိချင်စိတ်နှင့် စိုက်ကြည့်လိုက်ပြီး တိုးတိုးလေး မေးလိုက်လေသည်။ 

"ဒီ အပြားတွေက ဘယ်လောက် တန်ကြေးသတ်မှတ်တာလဲ"

"တစ် ဘီလီယံ"

ဝမ်လီချန်က မထူးဆန်းသလို ဖြေလိုက်လေသည်။ လစ်ဆီမှာ အသက်ရှူရပ်သွားမတတ်.. ဝမ်လီချန်ကို မျက်လုံးပြူးနှင့် စိုက်ကြည့်လိုက်ပြီး ..

"ရှင်တို့ ဒီလောက်တောင် လောင်းကြေးကြီးတာလား"

ဝမ်လီချန် က လစ်ဆီ ကို လှည့်ကြည့်လိုက်ပြီး 

"ဒီလောက်လေးကို ကြေးကြီးတယ် .. ပြောတာလား."

ဒီတခါတော့ .. လစ်ဆီက ဝမ်လီချန်ရှေ့မှာ ဘာမှ မသိတဲ့ ကလေးလိုပင်.. သူ နှုတ်ခမ်းကို ကိုက်ပြီး နှခေါင်းရှရှုံ့လိုက်သည်.

"သူဌေးတွေရဲ့ ကမ္ဘာကို ကျမ နားမလည်ပါဘူး"

လီချန်က လူကြီးတယောက်က ကလေးတယောက်ကို လုပ်သလိုမျိုး ခေါင်းပုတ်လိုက်ပြီး 

"ဒါဆို သေချာကြည့်ထား.. ဒီည ကိုယ်အနိုင်ရင် ငွေတွေက မင်းဟာပဲ.. ကိုယ်ရှုံးရင်တော့ ကိုယ်လျော်မယ်.. ဘယ်လိုလဲ.."

CEO AND THE ACTRESSTahanan ng mga kuwento. Tumuklas ngayon