အလုပ်ကနေ အိမ်ပြန်သည့် လမ်းမှာ လီချန် ကားမောင်းနေသည်။သူ့ရဲ့တိတ်ဆိတ်သော ROLLS ROYCE ကား ထဲမှာ သီချင်းသံ တိုးတိုးလေး ဖွင့်ထားလေသည်၊ သီချင်းသံကို နားထောင်ရင်း သူ အေးအေးဆေးဆေး ကားမောင်းနေလေသည်။
ရုတ်တရက် သူ့ဖုန်းမည်လာသည်။ .. ပေါ်လာသည့်နာမည်က သူ့ကို မျက်မှောင်ကြုတ်သွားစေသည်... ပြီးနောက် နားမှာတပ်ထားသော ဘလူးတုစ် ခလုတ်ကို နှိပ်ကာ ဖုန်းကိုင်လိုက်သည်။
"ဟလို"
တိတ်ဆိတ်သော ကားထဲမှာ သူ့ရဲ့ သံလိုက်လို အသံ ထွက်လာလေသည်။ နောက်ဖုန်း တဖက်မှာတော့ အရက်မူးသမားလေသံနှင့် အမျိုးသမီး အသံထွက်လာသည်..
"ဝမ်လီချန်.. ရှင်ကျမလို မိန်းကလေး မကြိုက်ဘူး ဆိုရင်.. ဘာလို့ ကျမကို ထမင်း ဆယ်နပ် ကျွေးခိုင်းနေသေးတာလဲ... ကျမပြောမယ်.. ကျမ ရှင့်ကို တောင်းဆိုနေတာမဟုတ်ဘူး.. ကျမ ရှင့်ကို ထမင်း ထပ်မကျွေးတော့ဘူး.."
လစ်ဆီ ရဲ့ မူးနေတဲ့ အသံကို လီချန် ကြားလိုက်ပြီး .. သူ ပိုပြီး မျက်မှောင်ကြုတ်သွားသည်။
"ကျမကို ဘာမှ လာမပြောနဲ့... ကျမပြောမယ်..ထမင်း မကျွေးတော့ဘူးလို့.."
လစ်ဆီ တီးတိုးတီးတိုး ပြောလိုက်သည်။
"မင်း ဘယ်မှာလဲ"
"ကျမအိမ်မှာပေါ့.. ဘာလဲ... ကျမ ဘယ်မှာရှိလဲ လို့ ဘာလို့လာမေးတာလဲ.. ရှင်နဲ့ ဘာမှ မဆိုင်ဘူး.. ရှင်ဘာလို့ သတင်း ဖျက်လိုက်တာလဲ.. ကျမနဲ့ သတင်း ထွက်တာ ရှက်စရာ ကောင်းနေလို့လား.. ရှင်က သိပ်ပြီး မြင့်မြတ်ပြီး အေးစက်နေတယ်ဆိုလဲ.. ကျွတ်.. ကျမကို မဆက်သွယ်နဲ့တော့.. ကျမ ဂရုမစိုက်ဘူး... ဒါပဲ .. ဘိုင်းဘိုင်..
ပြောပြီးသည်နှင့် ခလုတ်ကိုတောင် မနှိပ်တော့ပဲ ဖုန်းကို တင်ထားလိုက်သည်။ ပြီးနောက် တခုခု လဲကျသည့် အသံကို ကြားလိုက်သည်။
လီချန် လဲကျသည့်အသံ ကွဲသည့် အသံတွေ ကြားလိုက်တော့ စိတ်ပူသွားသည်။ ဒီ အမျိုးသမီးက အိမ်မှာ တယောက်တည်းလား.. ပြီးတော့ အရက်ကလဲ မူးနေသေးတယ်..
အရက်မူးတာ အန္တရာယ်များလှသည်။ ဝမ်လီချန် ဖုန်းကို ချလိုက်ပြီး .. သူ့လက်ထောက်ကို ဖုန်းဆက်ပြီး

DU LIEST GERADE
CEO AND THE ACTRESS
RomantikLOVE STORY IN SUMMER.. ရဲ့ နောက်ဆက်တွဲ ဇတ်လမ်းလေး တပုဒ်ပါနော်.. သူကြီးသတ်သတ် ဖတ်လို့ လဲ အဆင်ပြေပါတယ်.. ရှိုးပွဲ တခုမှာ ၀တ်ထားတဲ့ ရတနာ တခု ကျသွားပြီး ပြန်လိုက်ရှာနေတဲ့ လစ်ဆီ.. သူရေချိုးနေတဲ့အချိန်မှာ အချိန်ကိုက်ရောက်လာတဲ့ လစ်ဆီကို စိတ်ဆိုးသွားတဲ့ လ...