ညနေ ခြောက်နာရီ ခွဲ ထိ လီချန် မပြန်လာသေးဘူး ဆိုတော့ လစ်ဆီ သူ့ အစီအစဉ်တိုင်း သွားဖို့တွေးလိုက်သည်.. လီချန်ကိုတော့ မနှုတ်ဆက်ရတော့ဘူးပေါ့လေ.. ဒီနေ့ သူ့အိမ်သူ ပြန်တော့မည်..
နေ့စဉ် သုံးနေကျ စကင်းကဲတွေရယ် သူ့အဝတ်လေး နှစ်စုံ သုံးစုံရယ် ယူလာလိုက်သည်... သော့ချိတ်သည့်နေရာမှ သော့ တခု ယူလိုက်ပြီး အပြင်ထွက်လာလေသည်.. သူ မောင်းချင်တဲ့ကား တက်မောင်းဖို့ လီချန်က ခွင့်ပြုထားလေသည်။
လစ်ဆီ ခြံဝန်း တံခါးကနေ ထွက်မလို့ လုပ်နေတဲ့အချိန် ကား အမဲ တစီးက သူ့ကားရှေ့ ပိတ်ရပ်လိုက်သည်. ကားကို တွေ့လိုက်တော့ လစ်ဆီ ရင်ထဲ ထိတ်သွားသည်.. တိုက်ဆိုင်လိုက်တာ.. သူ ထွက်ခါးနီးမှ လီချန်ပြန်ရောက်လာတာလား.. လီချန် လမ်းဖယ်ပေးမယ်ထင်ပြီး လစ်ဆီ ကားပေါ်ကနေ မဆင်း.. သို့ပေမဲ့ အခြေအနေ ကြည့်ရတာ သူ ထင်သလို ဟုတ်မနေ..
သူ တို့နှစ်ယောက် မျက်လုံးခြင်း ဆုံသွားသည်.. လစ်ဆီ လဲ မတတ်သာတော့ပဲ နောက်ဆုတ်ပေးလိုက်လေသည်။ လီချန် က ကားကို ဘေးမှာ ရပ်လိုက်ပြီး ဆင်းလာသည်. ဒီနေ့ ကုမ္ပဏီမှာ အစည်းအဝေးရှိသောကြောင့် လီချန်မှာ အနောက်တိုင်း ဝတ်စုံ အပြည့်ဝတ်ထားပြီး ဆံပင်ကိုလဲ သပ်ရပ်စွာဖြီးထားလေသည်.. လစ်ဆီ မှန် ချပြီး သူ့ကို ပြုံးပြလိုက်သည်။
"ရှင် ပြန်လာပြီလား"
"မင်း ဘယ်သွားမလို့လဲ.. "
"ကျမ ကျမအေးဂျင့်နဲ့ လက်ထောက် နဲ့ တူတူ ထမင်း သွားစားမလို့.. "
"မင်း ဘယ်အချိန် ပြန်ရောက်မှာလဲ"
"ဒီနေ့ ကျမ တော်တော် နောက်ကျမှ ပြန်ရောက်မှာ.. ဒါကြောင့် ဒီနေ့ပဲ ကျမ အိမ်ကို ပြန်လိုက်တော့မယ်.. ရှင် ကျမ ကို စောင့် စရာ မလိုဘူး"
ဒီလို ကြားလိုက်တော့ လီချန် မကျေမနပ် ဖြစ်သွားပြီး
"ဒီမှာ နေတာ အဆင် ပြေ ရဲ့ သားနဲ့ ဘာလို့ အိမ်ပြန်ချင်ရတာလဲ.. ဒီမှာ မပျော်လို့လား"
"အဲ့လိုလဲ မဟုတ်ဘူးလေ.. ဒီနေ့ ကျမ သွားစရာ ရှိသေးတယ်"
"ဘယ်သွားမှာလဲ"
YOU ARE READING
CEO AND THE ACTRESS
RomanceLOVE STORY IN SUMMER.. ရဲ့ နောက်ဆက်တွဲ ဇတ်လမ်းလေး တပုဒ်ပါနော်.. သူကြီးသတ်သတ် ဖတ်လို့ လဲ အဆင်ပြေပါတယ်.. ရှိုးပွဲ တခုမှာ ၀တ်ထားတဲ့ ရတနာ တခု ကျသွားပြီး ပြန်လိုက်ရှာနေတဲ့ လစ်ဆီ.. သူရေချိုးနေတဲ့အချိန်မှာ အချိန်ကိုက်ရောက်လာတဲ့ လစ်ဆီကို စိတ်ဆိုးသွားတဲ့ လ...