လီချန်ပြောပြီးသည်နှင့်.. တံခါးဖက်လျှောက်သွားလေသည်.. မထွက်ခင်.. လစ်ဆီ ကို တချက်ကြည့်လိုက်သေးသည်.. လစ်ဆီ ရင်ထဲ ဘယ်လို ဖြစ်သွားလဲမသိ.. ဝမ်လီချန် ထွက်သွားပေမဲ့.. လစ်ဆီ အတွေးထဲမှာတော့ လီချန် ပြောခဲ့သည့်စကားတွေသာ ပဲ့တင်ထပ်နေသည်.. သူ့အမျိုးသမီးကို တခြား အမျိုးသားနဲ့.. သတင်း မထွက်စေချင်ဘူး တဲ့..
လစ်ဆီ အခု သွားရိုက်ရမည့် ရှိုးပွဲက .. မင်းသား မင်းသမီးများကို စုံတွဲ တွဲစေပြီး..တလတာ အတွင်း အဖြစ်အပျက်များရိုက်လိမ့်မည်.. နှစ်ယောက်သား တကယ့် စုံတွဲ မဖြစ်သွားဘူး ဆိုလျှင်တောင်မှ.. CP သတင်းတွေ တက်လိမ့်မည်.. နှစ်ယောက်သား..တပူးပူး တတွဲတွဲ.. ကြည့်တဲ့ သူများအောင်.. သတင်းတွေလဲ ဖန်လိမ့်မည်..
လစ်ဆီ နှုတ်ခမ်းကိုက်ပြီး ပြန်တွေးကြည့်လိုက်သည်.. သူ .. တခြားနည်းနဲ့ရော နာမည်မကြီးနိုင်လို့လား.. ဒါလဲမဟုတ်.. ဒီလို ရှိုးပွဲ မသွားလျှင်တောင်မှ သူ့အရည်အချင်းနှင့် တောက်ပနိုင်သေးသည်လေ.. လစ်ဆီ ဖုန်းကောက်ကိုင်ပြီး အန်နီ ဆီ ဆက်လိုက်သည်။
"လစ်ဆီ.. အဆင်သင့်ပဲလား.. ခုပဲ သွားတော့မလား" တဖက်ကနေ လစ်ဆီ အသံ တက်ကြွပျော်ရွင်စွာထွက်လာသည်။
"အန်နီ.. အဲ့ဒီ THE ROMANCE PRACTICE ရိုက်ကူးဖို့.. နှုတ်ထွက်ပေးပါ.. မရိုက်တော့ဘူး"
အန်နီ လန့်သွားပြီး
"ဘာ.. ဘာလို့ မရိုက်ချင်တော့တာလဲ.. ဘာလို့လဲ... ဒီလောက်ကောင်းတဲ့ ရှိုးကို ဘာလို့ မပါဝင်ချင်ရတာလဲ"
"ဘာရယ်ကြောင့် မဟုတ်ပါဘူး.. တခြား အနုပညာရှင် ပါဝင်နိုင်အောင်ပဲ လုပ်ပေးလိုက်ပါတော့"
"ဘုရား ဘုရား .. ဒီလောက်ကောင်းတဲ့ အခွင့်အရေးကို .. ဒါရိုက်ကူးခွင့်ရအောင် ဘယ်လောက်တောင် ကြိုးစား ခဲ့ရလဲ.. ဒီတိုင်းကြီး မပါချင်တော့ဘူး ဆိုပြီး ထွက်လိုက်တော့မယ်ပေါ့.. ပြီးတော့ မင်းက ဘယ်သူနဲ့ တွဲရမှာလဲ သိတယ်မလား.. ဂျီယုဟောင် နဲ့နော်.. မင်း အကြိုက်ဆုံး မင်းသား နဲ့လေ..
ဂျီယုဟောင် ပုံရိပ်တွေ လစ်ဆီ အတွေးထဲ ပေါ်လာသည်.. ဒါပေမဲ့ ခုတော့ ဂျီယုဟောင်ထက် ထင်ရှားသော ပုံရိပ်က ရှိလာပြီလေ..

YOU ARE READING
CEO AND THE ACTRESS
RomanceLOVE STORY IN SUMMER.. ရဲ့ နောက်ဆက်တွဲ ဇတ်လမ်းလေး တပုဒ်ပါနော်.. သူကြီးသတ်သတ် ဖတ်လို့ လဲ အဆင်ပြေပါတယ်.. ရှိုးပွဲ တခုမှာ ၀တ်ထားတဲ့ ရတနာ တခု ကျသွားပြီး ပြန်လိုက်ရှာနေတဲ့ လစ်ဆီ.. သူရေချိုးနေတဲ့အချိန်မှာ အချိန်ကိုက်ရောက်လာတဲ့ လစ်ဆီကို စိတ်ဆိုးသွားတဲ့ လ...