လစ်ဆီ သတင်းကို အပေါ်ဆွဲလိုက် အောက်ဆွဲလိုက် ကြည့်ကြည့်နေလေသည်,, ညအချိန် ဆိုတော့ သတင်းတွေ ဖိနှိပ်တာ သိပ်အရာ မရောက်.. ဖိနှိပ်လိုက်.. သတင်းတွေက ပြန်ပြန်တက်လာလိုက်..
နောက်ဆုံးတော့ လစ်ဆီလဲ တော်တော်ပင်ပန်းနေပြီဆိုတော့.. သူ့ကို ဆဲတာတွေလဲ ထပ်မဖတ်နိုင်တော့.. ဒါတွေကို ဉပက္ခာပြုပြီးပဲ အိပ်လိုက်တော့သည်..
ဝမ်လီချန် လက်ထောက်ကတော့ မီဒီယာ နှင့်ပတ်သက်သော တာဝန်ရှိသော သူတွေ ဆီ ဆက်သွယ်ပြီး သတင်း ဖိနှိပ်ဖို့ ကြိုးစားလေသည်.. ဝမ်လီချန်ကလဲ အနုပညာလောကမှာ ထိပ်သီးလူဆိုတော့.. အားလုံးကလဲ ပူးပေါင်းပါဝင်ကြသည်..
သတင်းတွေကို အတော်အတန် ဖိနှိပ်နိုင်ပြီ ဆိုပေမဲ့.. ပရိတ်သတ်တွေကတော့ သတင်းကို လက်ဆင်းကမ်းဆဲ.. သတင်းတွေက အမှောင်မှာ ဆက်ပြီး ဖျန့်နေတုန်းပင်..
နောက်နေ့မနက်..
လစ်ဆီ့အဖေ က မနက်စောစော ထနေကျ.. လက်ဖက်ရည်ကြမ်း သောက်ပြီး အပြင်ဖက်လမ်းလျှောက်ဖို့ ပြင်နေသေည့်အချိန်.. ဖုန်းမည်လာသည်..
"ဘာကိစ္စလဲ လောင်လျို.. "
"လောင်ဆု.. နင့်သမီးက ဘာလုပ်နေတာလဲ.. နင့်သမီးက ငါ့သားကို သဘောမကျဘူး ဆိုရင်တောင်မှ ဒီလို တော့ လုပ်စရာ မလိုဘူး ထင်တယ်.. နင် နင်တို့သမီး ကို သေချာ ကြည့်ဦး"
သူ့သားကို အေးစက်စက် ဆက်ဆံ လိုက်ကတည်းက လျို လူကြီးမင်း မကျေနပ်.. အခုတော့ သူ့အလှည့်ရောက်လာပြီ...
" လစ်ဆီ ကဘာဖြစ်တာမို့လဲ"
"နင့်သမီးက အနုပညာလောကမှာ တော်တော် လေး နာမည်ပျက်နေပြီ.. ဆုရချင်လို့ သူများနဲ့ အိပ်တယ်.. ခုဆို အင်တာနက် မှာ နင့်သမီး သတင်းတွေ မမြင်ချင်မှ အဆုံးပဲ.. .. နင်ကြည့်ဖို့ ပို့ပေးလိုက်မယ်.. ကြည့်ကြည့်လိုက်..မိန်းကလေးတွေက လှပြီ ဆိုရင်ကို မကောင်းတော့ဘူး.. "
လျိုလူကြီးမင်းက ချဉ်တင်တင်ပြောပြီး ဖုန်းချလိုက်လေသည်။ စု ဖေဖေ မှာ ဒေါသထွက်လွန်းလို့ အငွေ့ထွက်ချင်လာပြီ.. သူ စာကြည့်မျက်မှန်ယူပြီး ပို့လာသော လင့် ကို ဖွင့်ကြည့်လိုက်သည်.. ကြည့်ရင်း ကြည့်ရင်း သူ မျက်နှာမှာ နီလိုက်စိမ်းလိုက်.. စားပွဲပေါ် လက်ဝါးဖြင့် ရိုက်ချလိုက်လေသည်...
![](https://img.wattpad.com/cover/327310081-288-k997162.jpg)
STAI LEGGENDO
CEO AND THE ACTRESS
Storie d'amoreLOVE STORY IN SUMMER.. ရဲ့ နောက်ဆက်တွဲ ဇတ်လမ်းလေး တပုဒ်ပါနော်.. သူကြီးသတ်သတ် ဖတ်လို့ လဲ အဆင်ပြေပါတယ်.. ရှိုးပွဲ တခုမှာ ၀တ်ထားတဲ့ ရတနာ တခု ကျသွားပြီး ပြန်လိုက်ရှာနေတဲ့ လစ်ဆီ.. သူရေချိုးနေတဲ့အချိန်မှာ အချိန်ကိုက်ရောက်လာတဲ့ လစ်ဆီကို စိတ်ဆိုးသွားတဲ့ လ...