31

191 12 4
                                    

ရှင်းလဲ့ဟန် ဗွီလာတွင်..

လစ်ဆီ အိပ်နေသော ကုတင်ဘေးတွင် ချောမောခန့်ငြားသော အမျိုးသား တယောက် ဆိုဖာပေါ်တွင် ထိုင်နေလေသည်။ ဖုန်းပြောရင်း .. အိပ်ပျော်နေသော လစ်ဆီ ကို တချက်တချက်ကြည့်လိုက်သည်။

မနေ့ညက လစ်ဆီ မိုရာထက် နောက်ကျပြီးမှ အိပ်ဖြစ်သည်။ မိုရာ အိပ်ပျော်သွားပြီ သေချာမှ သူ အိပ်ခဲ့သည်။ ရုတ်တရက် လစ်ဆီ တဖက်ကို လိမ့်လိုက်ပြီး မိုရာ ကို ဖက်ဖို့ လက်လှမ်းလိုက်ပေမဲ့ ဘယ်သူမှ ရှိမနေ.. သူ ချက်ချင်း မျက်လုံး ဖွင့်လိုက်သည်။

"မိုရာ.. "

မိုရာ စိတ်ဓါတ်ကျပြီး တခုခု လုပ်လိုက်မှာ သူ စိုးရိမ်သည်. လစ်ဆီ ချက်ချင်း ထထိုင်လိုက်ပြီး ဘေးက ဆိုဖာမှာ တယောက်ယောက်ရှိနေသလို ခံစားလိုက်ရပြီး လှည့်ကြည့်လိုက်တော့ ဝမ်လီချန်..

"ဟင်.. ရှင်ဘယ်လို ရောက်လာတာလဲ.. မိုရာ ကော"

"အပြင်သွားတယ်"

ဝမ်လီချန် ဖုန်းချ လိုက်ပြီး ပြန်ဖြေလိုက်သည်။ လစ်ဆီမျက်နှာက အိပ်ရေးမဝသည့်ပုံ ဖြူဖျော့နေသောကြောင့်

"ထတော့မလို့လား"

"အင်း ထရမှာပေါ့.. ကျမ မိုရာကို သွားရှာရအုံးမယ်.. ရှင် အပြင်မှာ စောင့်ပေးလို့ရမလား"

လစ်ဆီ ပြောပြီးသည်နှင့် စောင်ခွာပြီး ထလိုက်သည်. မနေ့တုန်းက သူ မိုရာ ညအိပ်ဝတ်စုံ ဝတ်ပြီး အိပ်ခဲ့သည်။

လစ်ဆီ သန့်ရှင်းရေးလုပ်ပြီး အဝတ်အစားလဲကာ ထွက်လာသည်။ ဝမ်လီချန်က အောက်ထပ်မှာ စောင့်နေပြီ.. ဝမ်လီချန် နားရောက်တော့ ဖုန်းမည်လာသည်။ လစ်ဆီ ဖုန်းကို ယူကြည့်လိုက်တော့ အန်နီ..

"ဟလို အန်နီ"

"ဘယ်သွားတာလဲ.. နောက်နှစ်ရက်မှာ အလုပ်ရှိတာ မှတ်မိတယ်မလား.. "

"အန်နီ ကျမှာ အရေးကြီး ကိစ္စ ရှိနေလို့"

"ဘယ်လို... ရိုက်ကူးရေးကို မြန်မြန်သွားချင်နေခဲ့တာမလား.. အဝတ်အစားယူပြီး ရိုက်ကွင်းကို လာခဲ့ဖို့ သူတို့ ခေါ်နေပြီ.. "

CEO AND THE ACTRESSOnde histórias criam vida. Descubra agora