လစ်ဆီ ဘယ်ဆိုင်မှာ စားရင်ကောင်းမလဲ ဆိုပြီး ဆိုင်တွေ အင်တာနက်ကနေ လိုက်ကြည့်နေသည်။ ခနနေတော့ ကောင်းကင်ပေါ်က ပန်းခြံလေး လို ဆိုင်ကို ရွေးလိုက်သည်။ ဆိုင်က နဲနဲဈေးကြီးတယ် ဆိုတော့ သူ့ကဒ်လေးကို သုံးရတော့မည်။ ထမင်း တနပ်တော့ ကျွေးနိုင်ပါသေးတယ်လေ..
ဆယ်နာရီ ဝန်းကျင်မှာ သူ အဝတ်လဲပြီး ထွက်လာလိုက်သည်။ သူ ဝတ်ထားတာက ရိုးရိုးသာမာန်အဝတ်သာ.. အဖြူရောင် တီရှပ် နှင့် ဂျင်းဘောင်းဘီရှည် ကို အဖြူရောင် ရှူးနှင့် တွဲဝတ်ထားသည်။ မသိရင်တော့ သူ့ပုံစံက ဘွဲံရပြီးခါစ ကောင်မလေးလို ရှင်းသန့် လတ်ဆတ်နေသည်။
ဆံပင်ရောင်က နီညိုရင့်ရောင် ဆိုးထားပြီး ပျော့ပြောင်းသောကြောင့် လစ်ဆီ ဆံပင်စည်းမနေတော့ပဲ ဒီတိုင်းချထားကာ သူ့မျက်နှာနှင့် တော်တော်လေး လိုက်ဖက်လေသည်။ သူ့နှုတ်ခမ်းမှာ နှုတ်ခမ်းနီပါးပါးလေး ဆိုးထားလေသည်။ လစ်ဆီက မင်းသမီး ဖြစ်ဖို့ မွေးလာသည် အလှလေး လို့ပြောရမည်.. နှုတ်ခမ်းနီ တမျိုးတည်းဆိုးထားရုံပင်.. သူ အလှတော်တော် ထင်းသွားလေသည်။
နာရီကြည့်လိုက်တော့ ဆယ်နာရီခွဲ.. လစ်ဆီ လီချန် ဆီ ဖုန်းဆက်ပြီး ဆိုင်တည်နေရာကို ပြောဖို့ အချိန်အရောက်ပြီ.. လစ်ဆီ ဖုန်းကောက်ကိုင်လိုက်ပြီး လီချန်ဖုန်းနံပါတ် ရှာလိုက်သည်။ ဖုန်း ခေါ်ဖို့ အတွက် ပင် သူ တော်တော်လေး အားတင်းရလေသည်။
ဒီလူက ဖိနှိပ်ထားသလို ခံစားချက်ရစေသည်၊ လစ်ဆီ အသက်ပြင်းပြင်း ရှူလိုက်ပြီး ဖုန်းနံပါတ်နှိပ်လိုက်သည်။
ဆယ်စက္ကန့်..
အေးစက်စက် အမျိုးသား အသံ ထွက်လာသည်။
ဟလို..
ဟလို.. ဝမ်သခင်လေးလားရှင့် .. ကျမ လစ်ဆီပါ..
အင်း ကိုယ် သိတယ်..
ဒီနေ့ နေ့လည်စာ စားဖို့ ပြောထားတာလေ.. ကျမ ဆိုင်ရှာထားပြီ.. ရှင် ဘယ်အချိန် လာခဲ့မလဲ..
လိပ်စာ ပို့ပေးလိုက်..
အော.. ဟုတ်.. အခုပဲ ပို့လိုက်ပါ့မယ်.. ထမင်းစားခန်းမှာ စောင့်နေပါ့မယ်..

ŞİMDİ OKUDUĞUN
CEO AND THE ACTRESS
RomantizmLOVE STORY IN SUMMER.. ရဲ့ နောက်ဆက်တွဲ ဇတ်လမ်းလေး တပုဒ်ပါနော်.. သူကြီးသတ်သတ် ဖတ်လို့ လဲ အဆင်ပြေပါတယ်.. ရှိုးပွဲ တခုမှာ ၀တ်ထားတဲ့ ရတနာ တခု ကျသွားပြီး ပြန်လိုက်ရှာနေတဲ့ လစ်ဆီ.. သူရေချိုးနေတဲ့အချိန်မှာ အချိန်ကိုက်ရောက်လာတဲ့ လစ်ဆီကို စိတ်ဆိုးသွားတဲ့ လ...