27

168 11 0
                                        

ဆိုဖာပေါ်ကွေးကွေးလေး အိပ်နေသောလစ်ဆီနှဖူးမှာ ချွေးသီးချွေးပေါက်တွေ ထွက်လာလေသည်။ အား... ဗိုက်အောင့်လိုက်တာ.... အချိန်မတော်ညကြီးမှာ ဘဲလည်ပင်းအစပ်တွေစားလိုက်မိလို့ ဒီလိုဖြစ်မှန်း လစ်ဆီသိပေမဲ့ ခု.. ဘာမှ မတတ်နိုင်တော့.

ဝမ်လီချန် မြန်မြန်ရောက်လာဖို့ပဲ ဆုတောင်းနေမိသည်။ သူ ဒီထက်ပို တောင့်မခံနိုင်တော့ဘူး...

ခနနေတော့ အခန်းခေါင်းလောင်းမြည်လာသည်။ ဖြူဖျော့နေသည့်မျက်နှာလေး ပြုံးသွားသည်။ နာကျင်သည့်ဒဏ်ကို အံတုပြီး တခါးဆီ မြန်မြန်ပြေးသွားဖွင့်လိုက်သည်။

တံခါးဝမှာရပ်နေတာ ဝမ်လီချန်... သူ့ကို ကြည့်ရသည်မှာ တွေ့ရာ ကောက်စွပ်ပြီး အမြန်လာခဲ့သလို.. အမြဲတမ်း အနောက်တိုင်းဝတ်စုံ ဝတ်ပြီး တည်ကြည်နေသည်နှင့် မတူပဲ ပျင်းတွဲတွဲ ရှိနေလေသည်။ ပုံမသွင်း ထားသည့် ဆံပင် ပုံစံကြောင့် ငယ်နုနေသည့်ပုံ ပေါက်နေလေသည်။

ဆံစမှာ ခေျွးတေွစို​ေနသော​ကြောင့် ကြည့်ရသည်မှာ ကားပါကင်ကနေ အမြန်ပြေးလာပုံရလေသည်။

တံခါးနောက်မှာ ရပ်နေသော လစ်ဆီကို ဝမ်လီချန် စိုက်ကြည့်လိုက်သည်။

လစ်ဆီမှာ ဗိုက်အောင့်လွန်းတော့ ကိုယ်ဘာဝတ်လို့ ဝတ်ထားမှန်းဂရုမထားမိတော့.. ဝမ်လီချန် စိုက်ကြည့်နေတာကို သတိထားမိပြီးမှ သူညအိပ်ဝတ်စုံအပါး ဝတ်ထားသည်ကို သိသွားသည်။

လစ်ဆီ လက်ပိုက်ပြီး
" ရှင်.. အဲ့လို. စိုက်မကြည့်နဲ့နော်"

"မင်း ဆေးရုံကို ဒီလို ဝတ်ပြီးသွားမှာလား"

"ကျမ အဝတ်လဲမှာပေါ့"

လစ်ဆီပြောပြီး ခြေနှစ်လှမ်းသုံးလှမ်းလောက် လှမ်းပြီးနောက် ဗိုက်က စူးခနဲ့ အောင်သွားသောကြောင့် ဗိုက်ကိုနှိပ်ကြီး ထိုင်ချလိုက်သည်။

လစ်ဆီအခြေအနေကို တွေ့လိုက်သည်နှင့် ဝမ်လီချန် မျက်မှောင်ကြုတ်ပြီး လစ်ဆီ အခန်းထဲ သွားလိုက်ကာ ဗီဒိုကို ဖွင့်ပြီး ဘောင်းဘီပွပွတထည်နှင့် တီရှပ် တထည်ယူလိုက်ကာ ဆိုဖာပေါ်တင်ပေးလိုက်သည်။

CEO AND THE ACTRESSWhere stories live. Discover now