လီချန်ပြောသည့်အတိုင်း လစ်ဆီ က အပေါ်ထပ်တက်ပြီး သွားမစားခင်.. ဆိုဖာပေါ် လိမ်လိမ်မာမာ စောင့်နေလေသည်။ ခဏက လီချန် ကိုင်ခဲ့သော ခြေထောက်က ပူနွေးလာသလိုလို..
လီချန် လက်ဆေးပြီးတော့ နှစ်ယောက်သား ဓါတ်လှေကား သို့ သွားလိုက်လေသည်။ ဓါတ်လှေကား ပိတ်မသွားခင် လူငယ်လေးငါးယောက်အဖွဲ့ ကလဲ ပြေးဝင်လာပြီး ဓါတ်လှေကား ပိတ်လိုက်လေသည်။ ဓါတ်လှေကားက ကြပ်သွားသောကြောင့် လီချန်က လစ်ဆီ သူများနှင့် မထိအောင် လက်ကို နံရံနှင့် ထောက်ထားပေးသောကြောင့် လစ်ဆီမှာ သူ့ရင်ခွင်ထဲ အလိုအလျှောက်ရောက်သွားလေသည်. .. လူငယ်တွေဆီက ဆေးလိပ်နံ့တွေလဲ ရလိုက်သောကြောင့် လစ်ဆိ နှခေါင်းကို လက်နှင့် အုပ်လိုက်တော့သည်.
လီချန် က လစ်ဆီကို ငုံ့ကြည့်လိုက်ပြီး သူ့လက်နှင့် လစ်ဆီ့ခေါင်းကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်... လစ်ဆီ စိတ်တွေ ထွေပြားသွားသည်.. ဆေးလိပ်နံ့တွေ သိပ်မရတော့ပဲ.. သူ့ကိုယ်သင်းနံ့သာ..
လူငယ်တွေက လေးထပ်မြောက်မှာ ဆင်းသွားပြီး လစ်ဆီတို့က ဆယ့်နှစ်ထပ်ထိသွားရမှာ ဖြစ်လေသည်။ လူတွေ ဆင်းသွားတာကို လစ်ဆီ သိလိုက်တော့ သူ့ခေါင်းကို ရင်ခွင်ကနေ ဖယ်လိုက်ဖို့ လုပ်တော့ လီချန်က သူ့ခါးကို ပါ ဖက်ထားလိုက်လေသည်.. လစ်ဆီမှာ ရှက်သွားပြီး ..သူ့ကို တွန်းရမလား.. ဒီတိုင်းဆက်နေရမလား.. ဝေခွဲမရ..
ဓါတ်လှေကား ပွင့်သွားတော့ လီချန်က လစ်ဆီ ခါးကို ဖက်ထားဆဲ.. သူတို့နှစ်ယောက်လျှောက်လာသည်မှာ ချစ်သူ နှစ်ယောက် လျှောက်လာသလိုလို.. သူတို့ ထိုင်မည့်နေရာ ရောက်မှ လီချန် သူ့ခါးကို လွတ်ပေးလေသည်.
စားသောက်ဆိုင် ပြင်ဆင်ပုံက တကယ့်ကို လှပသည်.. ပန်းဖြူဖြူလေးတွေနှင့် အလှဆင်ထားပြီး .. မီးအလင်း ကိုလဲ အနဲငယ် ချထားလေသည်။ လူအရိပ်တွေက ဝိုးတဝါး.. လစ်ဆီ့ မျက်နှာမှာ ခုထိ ပူနေဆဲ.. ဘာမှ လုပ်မစရာ မရှိသည်နှင့် စားပွဲပေါ်တင်ထားသော ပန်းဖြူဖြူလေးတွေကို ဒီတိုင်းကြည့်နေလေသည်။ ခဏနေတော့ စူးစိုက်ကြည့်ခံနေရသလို ခံစားလိုက်ရသောကြောင့် လစ်ဆီ မော့ကြည့်လိုက်တော့ လီချန် က သူ့ကို ပင်လယ်ကဲ့သို့ နက်ရှိုင်းသော အကြည့်များဖြင့် ကြည့်နေလေသည်။

ESTÁS LEYENDO
CEO AND THE ACTRESS
RomanceLOVE STORY IN SUMMER.. ရဲ့ နောက်ဆက်တွဲ ဇတ်လမ်းလေး တပုဒ်ပါနော်.. သူကြီးသတ်သတ် ဖတ်လို့ လဲ အဆင်ပြေပါတယ်.. ရှိုးပွဲ တခုမှာ ၀တ်ထားတဲ့ ရတနာ တခု ကျသွားပြီး ပြန်လိုက်ရှာနေတဲ့ လစ်ဆီ.. သူရေချိုးနေတဲ့အချိန်မှာ အချိန်ကိုက်ရောက်လာတဲ့ လစ်ဆီကို စိတ်ဆိုးသွားတဲ့ လ...