51

128 8 0
                                        


လစ်ဆီ မရီရာ ဝယ်လာသော နို့လက်ဖက်ရည်သောက်ရင်း ဆိုဖာမှာ အေးအေးဆေးဆေး ထိုင်နေလေသည်.. မရီရာက သူ့အတွက် ညစာပါ စီစဉ်ပေးသွားတော့ သူ ဘာမှ လုပ်စရာ မရှိတော့.. ဒီညတော့.. တကယ်အေးချမ်းတဲ့ ညလေးပါလား.. 

စည်းကမ်းတင်းကြပ်သော အဖေ နှင့် နေခဲ့ရသောကြောင့် သူများထက်ကို လစ်ဆီက လွတ်လပ်မှုကို လိုချင်သည်.. သူများ ထိန်းချုပ်မှုကို မုန်းပြီး အေးအေးချမ်းချမ်း တိတ်တိတ်ဆိတ်ဆိတ် နေရတာ ကြိုက်သည်.. ထို့ကြောင့် သူများ ထိန်းချုပ်မှုအောက်မှာ သိပ်မနေရသော သရုပ်ဆောင် အလုပ်ကို သဘောကျလေသည်..

လစ်ဆီက ရှေးခေတ် ကား ကြည့်နေလေသည်.. သူ့မှာ ဇတ်အိမ်ကြီးကြီး ရိုက်စရာ ရှိလားသောကြောင့် သရုပ်ဆောင်မှုတွေကို လေ့လာသင်ယူရမည်..  ဇတ်လမ်းလေး ကြည့်လိုက်.. နို့လက်ဖက်ရည်လေးသောက်လိုက်နှင့် သာယာနေသော အခိုက် လစ်ဆီ့ အခန်း ခေါင်းလောင်းမြည်လာသည်..

ဟင်.. ဒီလို ည ကိုးနာရီ အချိန်မှာ ဘယ်သူ လာပါလိမ့်.. 

လစ်ဆီ တံခါးဝ နားသွားပြီးချောင်းကြည့်ပေါက်ကနေ ကြည့်လိုက်သည်။  ချောင်းကြည့်ပေါက်ကနေ ကြည့်ရင် လူတော်တော်များများက ရုပ်ဆိုးသွားတတ်ပေမဲ့. အခု သူတွေ့နေတာက ချောမောနေသော သူ.. ဘယ်လိုဖြစ်ဖြစ် သူ့ကို တွေ့လိုက်ရခြင်းက လစ်ဆီကို လန့်သွားစေသည်..

ဝမ်လီချန်.. သူ ဘာလို့ ဒီရောက်နေတာလဲ..

လစ်ဆီမှာ လန့်သွားပေမဲ့ တံခါးမဖွင့်ပေးပဲ နေလို့တော့မရ..  လစ်ဆီ တံခါးလေးကို ဟလိုက်ပြီး

"ဘာလို့ လာတာလဲ"

ဝမ်လီချန် လစ်ဆီ ကို စိုက်ကြည့်လိုက်သည်.. ကြည့်ရတာ လစ်ဆီ သူ့ကို အထဲ ဝင်ခိုင်းချင်ပုံမရ.. သူ့လက်ရှည်ကြီးနှင့် တခါးကို ဆွဲလိုက်ပြီး ပုံမှန်လိုလို အထဲ ဝင်လိုက်လေသည်။ 

အခန်း တခုလုံး ပြည့်နေသော သားရေစာတွေ ကြည့်ပြီး သူ မျက်မှောင်ကြုတ်သွားသည်

လစ်ဆီ တံခါးပိတ်ပြီး သူ့နောက်လိုက်လာတော့ အခန်းအလယ်မှာ တောင့်တောင့်ကြီး ရပ်နေသော ဝမ်လီချန် .. ဘုရားရေ.. သူ့ မုန့်တွေ အကုန်တွေ့သွားပြီ..

CEO AND THE ACTRESSWo Geschichten leben. Entdecke jetzt